အခန်း(၅၁၂)

1.1K 114 31
                                        

အခန်း(၅၁၂)

မင်းစိတ်တိုင်းကျလုပ်.. မင်းက တာဝန်ရှိသူပဲ။




သူမကို တစ်သက်လုံးထားသွားတယ်။

Long Feiye မှာ Han Yunxi  အား တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူမခေါင်းပေါ်တွင် မေးစေ့အား တင်ထားလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။ “အဲ့တာက ဖြစ်လာမှာ မဟုတ်ဘူး.. ကိုယ်မသေသေးသရွေ့ပေါ့…”

Han Yunxi  မှာ ချက်ချင်းပင် သူ၏ ပါးစပ်အား လက်ဖြင့် ကာလိုက်သည်။ “ကောင်းပြီ.. ဒီအကြောင်း ထပ်မပြောပဲ နေရအောင်။"

Long Feiye  မှာ တုံ့ပြန်လာသည်။ “Han Yunxi… မင်းကကော ဘယ်လိုလဲ။”

“မထားခဲ့ဘူး။ ကျွန်မက ရှင့်ကို ဘယ်တော့မှ မထားခဲ့မှာ သေချာတယ်။"  Han Yunxi မှာ အလောတကြီး ပြောလိုက်သည်။ သူမက ထိုအချက်အား အလွန်သေချာနေသည်။ ဘယ်လိုပဲဖြစ်ဖြစ်.. ငါက ဘယ်တော့မှာ မထားခဲ့ဘူး!! ဤမနက် အတုအယောင်အချက်ပြမှုပြီးနောက် သူမ၏ ဆုံးဖြတ်ချက်မှာ အတော်လေး ပြတ်သားနေသည်။ နောက်ဆုံး သူမက တည်ငြိမ်သွားချိန်တွင် Long Feiye  မှာ သူမအား ပုံမှန်ဖြင့် ကွာခြားသော အကြည့်ဖြင့် ကြည့်နေသည်အား သတိပြုမိသွားသည်။ သူက သူမအား အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာ ကြည့်နေခဲ့သော်လည်း ၎င်းအား သူမ၏  စိတ်ဖိစီးမှုများ အလယ်တွင် သတိမပြုမိခဲ့ခြင်း ဖြစ်သည်။ ယခုတွင် သူက စိုက်ကြည့်နေဆဲ ဖြစ်သည်အား မြင်လျှင် မငြိမ်မသက်ဖြစ်ကာ သူ၏ အကြည့်မှာ ထူးဆန်းနေကြောင်း သတိပြုမိသွားတော့သည်။

ဒီကမ္ဘာပေါ်မှာ အရှင့်သားချင်ဝမ်ကို အကြည့်ချင်းပြိုင်ပြီး အနိုင်ယူနိုင်မယ့်သူ မရှိနိုင်လောက်ဘူး။ မည်သို့ပင်ဖြစ်စေ သူတို့က မျက်လုံးချင်း ဆုံလျှင် Han Yunxi မှသာ ပထမဆုံး အကြည့်လွှဲလိုက်သူ ဖြစ်လေသည်။

သူမက မဝံ့မရဲဖြင့် မေးလိုက်သည်။ “Long Feiye…. တစ်ခုခုမှားနေလို့လား။"

“မင်း အစောက ပြောလိုက်တာ… ထပ်ပြောလို့ရမလား။" Long Feiye  မှာ အလေးအနက် မေးလိုက်သည်။

အစောမှာ သူမက ငါ့ကို ဘယ်တော့မှ ထားမသွားဘူးလို့ ပြောခဲ့တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now