အခန်း(၅၇၆)

956 89 15
                                        

အခန်း(၅၇၆)

ဘယ်သူက ပိုကောင်းတဲ့ လှုပ်ရှားမှု ရှိလဲ။




အမှန်ပင်။ Long Feiye မှာ သဘောထားကွဲလွဲစေရန် ရောက်လာခြင်း ဖြစ်သည်။

သူက ဧကရာဇ် Kang Cheng မှ ချူမျိုးနွယ်အား ရင်ဆိုင်ရန် လှုပ်ရှားလာစေရန် အောင်မြင်စွာ လှုံ့ဆော်ပေးနိုင်ရုံသာမက ချူမျိုးနွယ်နှင့် Gu Beiyue အကြား သဘောထားကွဲလွဲစေရန်လည်း လှုံ့ဆော်ပေးခဲ့သည်။ Han  Yunxi မှာ ပထမတစ်ခုသာ သိထားရသည်မှာ စိတ်မကောင်းစရာပင်။ Tang Li နှင့် Chu Xifeng တို့မှာ ဗုဒ္ဓတစ်ထောင်ဂူမှ သတင်းပို့ရန် ရောက်လာစဉ် နှစ်ယောက်မှာ လူမှုရေးတရားရုံးသို့ ပြန်ရောက်စဖြစ်သည်။

“အကိုကြီး လမ်းကို ဦးဆောင်ပေးမယ့်သူ မရှိရင် အဲဒီကို ဝင်ဖို့ မဖြစ်နိုင်ဘူး။ အစောင့် တင်းတင်းကြပ်ကြပ် ချထားတယ်။ အဝင်ပေါက်နားမှာဆို တစ်အုပ်ကြီးပဲ။” Tang Li မှာ ထိုနေရာအား ဖောက်ဝင်၍မရနိုင်ကြောင်း လုံး၀သေချာနေပြီး Chu Xifeng မှာလည်း သဘောတူကြောင်း ခေါင်းညိတ်ပြလာသည်။

"သခင်ကြီး ချူမျိုးနွယ် ကိုယ်တိုင် ဝင်ချင်ရင်တောင် ခက်လိမ့်မယ်။ အစောင့်တွေအပြင် ထောင်ချောက်တွေလည်း ရှိနေတယ်။ သခင်လေးထန်ကြောင့်သာမဟုတ်ရင် ဒီလက်အောက်ငယ်သားက မြက်ခင်းမှာ မြွေကို ခြောက်လှန့်မိမှာ သေချာပါတယ်။”  Chu Xifeng မှ ဆက်ပြောလိုက်သည်။

Tang Li မှာ လျှို့ဝှက်လက်နက်များအား ကျွမ်းကျင်သဖြင့် ထောင်ချောက်များအား သတိပြုမိရန် အတော်လေး ကျွမ်းကျင်လေသည်။ ဤတစ်ကြိမ်တွင် သူက စူးစမ်းရှာဖွေမှုအတွင်း အလွန်ယုံကြည်စိတ်ချရသူပင်။
Long Feiye နှင့် Han Yunxi တို့မှာ သူတို့၏စကားကြောင့် တိတ်ဆိတ်သွားကြသည်။ နှစ်ယောက်လုံးမှာ တူညီစွာဖြင့် အဖြူဝတ်ဖြင့် လူကြီးလူကောင်းတစ်ယောက်အကြောင်းအား စဥ်းစားနေကြသည်။ Long Feiye မှာ ယို့မျိုးနွယ် မှ အရိပ်မျိုးနွယ်အား  မည်သို့အကူအညီတောင်းနိုင်ချေအား စဉ်းစားနေချိန်တွင် Han Yunxi မှာ ထိုအမျိုးသားမှာ သတိမပြုမိစေပဲ ဂူထဲသို့ ဝင်ရောက်ရန် မည်မျှလွယ်ကူကြောင်း  စဥ်းစားနေသည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်မှာ စိတ်ဖတ်နိုင်စွမ်း မရှိသဖြင့် သူတို့၏ အတွေးများအား ထုတ်မပြောခဲ့ကြချေ။ Long Feiye မှ ပြောလာလေသည်။ "လောလောဆယ်တော့ ချူမျိုးနွယ်က သတင်းကို စောင့်ရမယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now