အခန်း(၄၁၆)
ကျွန်မက ဝမ်ဖေးကို တစ်သက်တာလုံး အလုပ်အကျွေးပြုပါမယ်။
ကောင်းကင်မှာ အာရုဏ်တက်ချိန်တွင် မှုန်ပျပျ ဖြစ်နေပြီး အရာအားလုံးမှာ ဝေဝါးနေသည်။ Han Yunxi မှာ အိပ်ချင်စိတ် မရှိတော့သောကြောင့် Baili Mingxiang ၏ အဆိပ်အား စဥ်းစားရင်း ဒန်းလေးအား လွှဲလိုက်သည်။ Zhao မားမားမှာ လက်ဖက်ရည်နှင့် မုန့်များ ပြင်ဆင်ရင်း အလုပ်များနေသည်။ လေးစားရတဲ့ဝမ်ဖေးမှာ မနက်ခင်းတွင် လက်ဖက်ရည် သောက်လေ့မရှိပေမယ့် ဘေးသင့်ဒေသတွေကနေ ပြန်ရောက်လာပြီးတော့ အရှင့်သားချင်ဝမ်လို အလေ့အကျင့်ရှိလာတယ်။ သူမက နိုးလာတာနဲ့ လက်ဖက်ရည်သောက်လေ့ရှိတယ်။ တစ်ခုတည်းသော ကွာခြားချက်က သူမက လက်ဖက်ရည်သောက်ရင်း မုန့်စားရတာ ကြိုက်ပေမယ့် ချင်ဝမ်ကတော့ ဘာမှ စားလေ့ မရှိဘူး။
Han Yunxi မှာ Su Xiaoyu အား ထရန် ခွင့်ပြုချက် မပေးခဲ့ပဲ Zhao မားမားမှာလည်း သူမအား ကိုယ်တိုင် ဆုံးမရန် အချိန်မရှိသောကြောင့် အခန်းတွင်း၌ ဒူးထောက်ထားရကာ ကျန်နေလေသည်။ အလင်းရောင်ထွက်လာချိန်မှသာ Han Yunxi မှာ အဝတ်အစားလဲရန် အထဲသို့ ဝင်သွားလိုက်ပြီး ထိုကောင်မလေးအား သတိရသွားသည်။ သူမက ထိုကောင်မလေး၏ သနားစရာကောင်းသည့် ပုံစံအား မြင်လျှင် မျက်လုံးများထဲ၌ အကူအညီမဲ့နေမှုက ဖြတ်သွားပြီးနောက် Zhao မားမားအား ကြည့်ကာ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ခြံဝန်းထဲမှ မထွက်သွားခင် Zhao မားမားမှာ Su Xiaoyu နှင့်အတူ လက်ဖက်ရည်စားပွဲအား ရှင်းလင်းနေကြောင်း သူမက တွေ့လိုက်ရသည်။ အကယ်၍ အတိတ်တွင်ဆိုလျှင် Su Xiaoyu မှာ အသေအချာပင် အပြေးအလွှားရောက်လာကာ လိုက်လာရန် မေးမြန်းမည်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် နာခံမှုရှိစွာ ပြုမူနေသည်။ သူမက တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ထားပြီး ပစ္စည်းများ ရှင်းလင်းရန် အာရုံစိုက်နေသည်။ Han Yunxi မှာ စကားများစွာ ပြောမနေပဲ ရိုးရှင်းစွာဖြင့် တံခါးမှ ထွက်သွားလိုက်သည်။
Su Xiaoyu မှာ သူမက ထွက်သွားသည်အား ကြည့်ပြီးနောက် လက်ထဲရှိ လက်ဖက်ရည်ခွက်အား ပြန်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်ထဲရှိ ဆိုးယုတ်သော အကြံအစည်ဖြင့် အေးစက်သွားတော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficción histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
