အခန်း(၄၆၉)

795 96 29
                                    

အခန်း(၄၆၉)

Gu Qishao ကို အကူအညီအတွက် ရှာဖို့လိုအပ်တယ်။





သူ၏ ဆူပူမှုကြောင့် ဘဏ္ဍာထိန်းအိုကြီးမှာ ရွေးချယ်စရာမရှိတော့ပဲ တိတ်ဆိတ်စွာဖြင့် Han Yunxi  ၏ အမိန့်အားလိုက်နာရတော့သည်။ Han Yunxi မှာ အပေါ်ယံတွင် သန်မာဟန်ဆောင်နေသော်လည်း ဤအခိုက်အတန့်မှသာ သူမ၏ တင်းကျပ်နေသော အာရုံကြောများမှာ ပြေလျော့သွားသည်။ သူမက မည်သူမဆိုထက် ရလဒ်အား ပို၍ အံ့အားသင့်နေသည်။ Gu Qi Sha မှ အလျော့အတင်းလုပ်လာမည်အား စိုးရိမ်၍ သူမက သဘောတူညီချက်အား မိုးထိမြင့်အောင် သတ်မှတ်ထားခဲ့သည်။ သို့တိုင် သူက အကြိမ်အနည်းငယ်သာ ငြင်းဆန်ပြီးနောက် သဘောတူပေးလာသည်။ သူမက မလာခင် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး Long Feiye မှာ လက်နက်ပုန်းများ ယူလာခဲ့ခြင်း မရှိသဖြင့် ပို၍ စိတ်ပူနေခဲ့သည်။ အကယ်၍ အမှန်တကယ် တိုက်ခိုက်လာလျှင် မည်သူက ရှုံးနိမ့်သွားမည်မှန်း မပြောနိုင်ပေ။

သို့တိုင် စကားရည်လုပြီးနောက် သူမက အမှန်တကယ် ရုန်းကန်ရခြင်း မရှိပဲ ဆေးမိစ္ဆာတောင်ကြားအား ရရှိလိုက်သည်။ သူမက နေရာတွင် ထိုင်ကာ လက်ဖက်ရည်သောက်နေပြီး နှလုံးသားမှာ တည်ငြိမ်သွားသည်။ ယနေ့တွင် Gu Qi Sha ၏ အပြုအမူမှာ တစ်နည်းတစ်ဖုံဖြင့် မူမမှန်ကြောင်း သူမက ခံစားမိနေသော်လည်း တိကျသော တစ်စုံတစ်ရာအား ညွှန်ပြနိုင်ခြင်း မရှိချေ။ သူမကလည်း မလိုလားပေ။ အမှန်တွင် ဤတစ်ကြိမ်၌ ဆုံးရှုံးမှုတောင်းဆိုရန် လာရောက်ခြင်းမှာ ဟန်ပြသာ ဖြစ်ကာ သူမက သူ၏ ပစ္စည်းများအား လုယက်ရန် ရည်ရွယ်ချက် အပြည့်ရှိနေသည်။ အကယ်၍ Gu Qi Sha ကိုယ်တိုင်ပင် အကြံအစည်ဖြင့် သူမအား ဆေးမိစ္ဆာတောင်ကြားတစ်ဝက်အား ပေးလာလျှင်ပင် သူမက လက်ခံဝံ့သည်။ သူမ၏ ခံစားချက်များအား စီမံပြီးနောက် Han Yunxi  မှာ ယခင်အတိုင်း မလှုပ်မယှက် ပြန်ဖြစ်သွားတော့သည်။

Long Feiye  မှာ ဤရလဒ်အား မည်သို့ စဥ်းစားနေမှန်း မည်သူ သိနိုင်မည်နည်း။ သူကလည်း လက်ဖက်ရည်တွင် နစ်မြှုပ်နေကာ သူမအား နောက်တစ်ခွက် ငှဲ့ပေးလိုက်သည်။ Gu Qi Sha မှာ တစ်လက်မပင် မရွေ့ပဲ ထိုင်နေပြီး တိတ်ဆိတ်စွာဖြင့် Han Yunxi အား ကြည့်နေသည်။ ထိုဥာဏ်များကာ ပါးနပ်သော မျက်လုံးများမှာ တဖျတ်ဖျတ်ခတ်နေပြီး ပိုင်ရှင်မှာ စိတ်ထဲတွင် တွက်ချက်မှုများ ပြုလုပ်နေသည်။ Han Yunxi  မှာ Gu Qi Sha ​၏ ပုခုံးအား လှမ်းကြည့်၍ တိတ်ဆိတ်နေပြီး သူက သဘောရှိ ကြည့်နေခွင့်ပေးလိုက်သည်။ သို့တိုင် သူက အချိန်အတော်ကြာသည်အထိ ကြည့်နေလျှင် သူမက စိတ်မသက်မသာ ဖြစ်လာကာ စူးစိုက်ကြည့်လိုက်တော့သည်။ “ရှင်က သေချင်နေတာလား။ ဘာလို့ ဒဏ်ရာကို မကုသေးတာလဲ။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now