အခန်း(၄၀၉)

1.5K 143 35
                                        

အခန်း(၄၀၉)

အသေအချာကို လွတ်လပ်နေတာပဲ။






ငါးဖမ်းကျွန်းတွင် အခက်အခဲများစွာ ရှိလာနိုင်သည်။ ထို့အပြင် ဆွံ့အအဘွားအိုနှင့် မြင့်မြတ်သောမိသားစုခုနစ်စု၏ ခြိမ်းခြောက်မှုအား ပေါင်းထည့်လိုက်လျှင် Long Feiye မှာ အလွန်အလုပ်များသော လူတစ်ယောက်ဖြစ်နေသည်။ သူက Han Yunxi အား အလည်အပတ် ခေါ်သွားပေးရန် မည်သည့်နေရာမှ စိတ်ကူးရလာသလဲဆိုခြင်းမှာ ဆန်းကြယ်မှုပင်။

Long Feiye မှာ မည်မျှ အလုပ်များနေကြောင်း Han Yunxi မှာ မသိသော်လည်း သူမ၏ ပျော်ရွှင်မှုအလယ်တွင် ဤနွေဦးရှုခင်းကြည့်ရန် ခရီးစဉ်မှာ ရိုးရှင်းမည်မဟုတ်ကြောင်း သူမက သိနေသည်။ သို့သော် လက်တွေ့မှာLong Feiye မှ အမှန်တကယ်ပင် သူမအား လမ်းလျှောက်ထွက်ရန် အဖော်ပြုပေးခြင်း ဖြစ်ကြောင်း သက်သေပြလာတော့သည်။ နှစ်ယောက်မှာ ကျယ်ဝန်းသော မြင်းလှည်းအပွင့်ပေါ်သို့ တက်လိုက်ပြီးနောက် Long Feiye မှာ Han Yunxi ၏ လက်အား ဆုတ်ကိုင်ကာ ဒူးဆစ်ပေါ်တွင် တင်ထားလိုက်သည်။ ထိုလှုပ်ရှားမှုမှာ ပေါ့ပါးကာ သဘာဝကျလှသည်။ Han Yunxi မှာ သူတို့၏ လက်များအား ဖော်ပြ၍မရနိုင်သော ခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူတို့၏ ပြောဆိုဆက်ဆံမှုများမှာ အမြဲတစေ တည်ငြိမ်ကာ ရိုးရှင်းပြီး စိတ်မြန်လက်မြန် သို့မဟုတ် ချစ်ခြင်း ကတိကဝတ်များမှ အရိပ်အမြွက်မရှိပေ။ တစ်ခါတစ်ရံ သူတို့က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းသည်မှာ ကြာမြင့်ခြင်း မရှိသေးသော သူစိမ်းများနှင့် ဆင်တူသည်။ သို့သော် တစ်ခါတစ်ရံတွင် ဤသို့သော အပြုအမူလေးများမှာ သူတို့က သက်တမ်းတစ်ဝက်လောက် အတူတကွ ဖြတ်သန်းလာခဲ့သူများကဲ့သို့ သူမအား ခံစားရစေသည်။

သူမ၏ နောက်လက်တစ်ဖက်အား Long Feiye ၏ လက်ပေါ်တွင် ညင်သာစွာ တင်လိုက်ကာ ပုခုံးအား မှီလိုက်သည်။ “ဝမ်ရယ်”

“ဟင်..” Long Feiye မှ တုံ့ပြန်လိုက်သည်။

“ဘာမှ မဟုတ်ဘူး။ ကျွန်မ ဒီအတိုင်းပဲ ရှင့်ကို ခေါ်ချင်လို့။"  Han Yunxi မှာ ပေါ့ပါးစွာ ပြုံးလိုက်သည်။ သူမက Long Feiye ၏ အမူအရာအား မမြင်ရသော်လည်း သူက တိတ်ဆိတ်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now