အခန်း(၄၇၂)

1.3K 116 11
                                        

အခန်း(၄၇၂)

ပျားပန်းခပ်လှုပ်ရှား အလုပ်များနေသော Han Yunxi ။





Chu Qingge မှာ Chu Tianyin ၏ စာအား လက်ခံရတိုင်း ဖွင့်ဖတ်ရန် အလွန်အမင်း တုံ့ဆိုင်းနေခဲ့သည်။၎င်းမှာ သူက သူမအား ပြောသမျှမှာ ဧကရာဇ် Taihui အား မည်သို့ စိတ်ကျေနပ်စေရန်နှင့် Han Yunxi  အား မထိရန်သာဖြစ်သည်။ သူမက စာအား တင်းကျပ်စွာ ဆုတ်ကိုင်ထားပြီး အဆုံးအထိ ဖွင့်မဖတ်ပေ။ သူမ၏ ဘေးတွင် Xu မားမားမှာ ပြုံးကာ ချော့မော့လိုက်သည်။ “မြတ်သောကြင်ယာတော် အကြီးဆုံးသခင်လေးက အရေးကြီးကိစ္စ ရှိနေတာ ဖြစ်နိုင်ပါတယ်။ မြန်မြန် ဖွင့်ဖတ်ကာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။"

“သူ့မှာ ဘယ်လို အရေးကြီးကိစ္စ ရှိနိုင်လို့လဲ။ ဒီမှာ ကျွန်မက စိတ်ဒုက္ခရောက်နေရတာကို သူက Han Yunxi  ကို မထိဖို့ရယ် မယ်တော်ကြီးလီနဲ့ ကျန်တဲ့သူတွေကို လွှတ်ထားဖို့ တားနေတယ်။ သူက စိတ်လှုပ်ရှားနေစရာ ဘာရှိမှာမလို့လဲ။” Chu Qingge  မှာ ထေ့ငေါ့လိုက်သည်။

“မြတ်သောကြင်ယာတော်.. အကြီးဆုံး သခင်လေးက မှန်ပါတယ်။ အရှင်မင်းမြတ်က သူ့ရဲ့ မောင်းမဆောင်ထဲမှာ ဘာဖြစ်နေမှန်း မသိအောင် ကန်းနေတဲ့သူ မဟုတ်ပါဘူး။ ကျွန်မတို့က နန်းတော်မှာ အသစ်မလို့ ကိစ္စအားလုံးကို သည်းခံရပါမယ်။ ဧကရာဇ် Taihui  ရဲ့ ကြင်နာမှုကို အရင်ယူပြီးမှ သူ့ကို ဘာမှမမြင်နိုင်တော့အောင်လုပ်ပြီး အနာဂါတ်မှာ ကျွန်မတို့ရဲ့ နယ်မြေကို ချဲ့ထွင်ရပါမယ်။” Xu မားမားမှာ နားချနေသည်။

လတ်တလောတွင် ရွှယ်ကွေ့ဖေးမှာ သူတို့အား တိုက်ခိုက်ရန် လှုပ်ရှားမှု အသေးအမွှား မျိုးစုံ ပြုလုပ်နေသည်။ ၎င်းမှာ ကိစ္စကြီး မဟုတ်သော်လည်း Chu Qingge  မှာ သူမ၏ အကျင့်ဖြင့် ထိုကိစ္စများအား သည်းမခံနိုင်ပေ။ အကယ်၍ အစ်ကိုဖြစ်သူမှ တားမြစ်ထားခြင်း မရှိလျှင် သူမက တစ်ဖက်အမျိုးသမီးအား ကြာမြင့်စွာကပင် အဆိပ်ခတ်ခဲ့မိလိမ့်မည်။

“မြတ်သောကြင်ယာတော်.. ပြီးခဲ့တဲ့ ရက်တွေမှာ အရှင်မင်းမြတ်က တော်ဝင် စာကြည့်ဆောင်မှာ အဖော်ပြုစေတယ်မလား။ ရွှယ်ကွေ့ဖေးတောင် အဝေးပို့ခံရတာ ဒေါသမပြေနိုင်သေးဘူးလား။” Xu မားမားမှာ ထပ်မံ ချောမော့နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now