အခန်း(၅၂၆)

701 70 4
                                    

အခန်း(၅၂၆)

သူတို့ကို ဧည့်သည်အဖြစ် လက်ခံပေးမယ့်သူ မရှိဘူး။








Jun Yixie မှာ ဗလာဟင်းလင်းဖြစ်နေသော အဆိပ်ရေကန်မှ ပြန်လာပြီးနောက် ခေါင်းဆောင်အကြီးအမှူးရှဲ့၏ ဖိတ်ကြားချက်အား လက်ခံရလေသည်။ သူက ချက်ချင်းပင် ချိန်းဆိုမှုအား ဂုဏ်ပြုရန် သွားရောက်ကာ မြို့ပြင်ရှိ ရှဲ့မျိုးနွယ်ပိုင် ဗီလာသို့ အလျင်စလို သွားလိုက်သည်။ အစေအပါးမှာ သူ့အား ဧည့်ခန်းမဆောင်သို့ ခေါ်သွားချိန်တွင် ခေါင်းဆောင်အကြီးအမှူးရှဲ့မှ စောင့်နေသည်မှာ ကြာပြီဖြစ်သည်။

Ouyang Ningnuo ၏ ပေါ့ပါးကျိုးနွံသော လေသံနှင့် ယှဉ်လျှင် Jun Yixie မှာ ဗြောင်ကျကာ တည့်တိုးဆန်လှသည်။ "ခေါင်းဆောင်အကြီးအမှူးရှဲ့က ဆုံးဖြတ်ပြီးသွားပြီလား။"

ခေါင်းဆောင်အကြီးအမှူးရှဲ့မှာလည်း ပွင့်လင်းစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ဒီအဘိုးကြီးက မင်းရဲ့ ကမ်းလှမ်းချက်ကို သဘောတူနိုင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်သင့်သလဲဆိုတာ ဒီအဘိုးကြီးကို အကြံပေးရလိမ့်မယ်။"

ဘယ်လို လုပ်သင့်လဲ။ နောက်တစ်နည်းဆိုရလျှင် Mu Yingdong မှ မြောက်ပိုင်းလီအိမ်ရှေ့စံဖြင့် Mu Linger အား လက်ထပ်ပေးရန် သဘောတူလာစေရန် မည်သို့ ဖိအားပေးသင့်သနည်း။ Jun Yixie မှာ ချက်ချင်းပင် ပြောလိုက်သည်။ "အဲ့တာက ကောင်းမှုတစ်ခုပါပဲ။"

ခေါင်းဆောင်အကြီးအမှူးရှဲ့၏ မျက်လုံးများမှာ အထင်သေးမှုများ ဖြတ်သွားပြီးနောက် ပြောလိုက်သည်။ "မင်းက ဘာပြောချင်တာလဲ။"

"ဆေးဝါးစမ်းသပ်နှီးနှောဖလှယ်ပွဲမှာ ဒီအရှင်က မြောက်ပိုင်းလီရဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ Mu Linger ကို မင်္ဂလာကြောင်းလမ်းပါမယ်။ တင်တောင်း လက်ဆောင်က မြောက်ပိုင်းလီရဲ့ နှင်းတောင်ငါးခု၊ ကောင်းကင်ထိပ်ဖျားနဲ့ ကုန်းပြင်မြင့်အပြင် အဲ့ဒီနေရာတွေကို ဝင်ရောက်ခွင့် လက်ဆောင်ပါ။ ခေါင်းဆောင်အကြီးအမှူးရှဲ့က အခွင့်အရေးကို ဖမ်းဆုတ်ပြီး လူထုရှေ့မှာ Mu Yingdong ကို ဖိအားပေးရင် သူက ကောင်းမှုလုပ်တဲ့ အနေနဲ့ Mu Linger ကို လွှဲပေးပြီး ဆေးဝါးမြို့တော်နဲ့ မြောက်ပိုင်းလီ ဆက်ဆံရေးတိုးတက်အောက် လုပ်ရတော့မှာပါ။ သဘာဝကျကျပဲ... ခေါင်းဆောင်အကြီးအမှူးရှဲ့က တင်တောင်း ပစ္စည်းတွေကို ရမှာဆိုပေမယ့် ကောင်းကင်ထိပ်ဖျား ဝင်ခွင့်တံဆိပ်ကတော့ ကျန်တဲ့ ဆေးဝါးမြို့တော်နဲ့ မျှဝေရမှာပါ။ ဘိုးဘေးကောင်စီက ပစ္စည်းကို ထိန်းသိမ်းရမှာပါ။" Jun Yixie မှာ ရှင်းလင်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now