အခန်း(၅၂၁)

1.1K 113 12
                                        

အခန်း(၅၂၁)

Ouyang Ningnuo ၏ အတွေးများ။






Han Yunxi  မှာ  Long Feiye  အား ဂရုတစိုက် စစ်ဆေးလိုက်ပြီးနောက်  Gu Qishao  အားလည်း စစ်ဆေးလိုက်သည်။ သူမက နှစ်ယောက်အား ခေါင်းအစ ခြေအဆုံးကြည့်ရှုလိုက်သည်။ Long Feiye  မှာ အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ ချောမော၍ ဆန်းကြယ်ဟန်ရှိပြီး Gu Qishao  မှာ အနက်ရောင်ဝတ်ရုံကြီးအား ဝတ်ဆင်ကာ မြင့်မား ထောင်လွှားစွာ ရပ်နေလေသည်။ နှစ်ယောက်မှာ အဆင်ပြေနေဟန်ရှိမှ သူမက လျှို့ဝှက်စွာ ဝမ်းသာသွားတော့သည်။ တိုက်ပွဲက  Long Feiye  က Gu Qishao  ကို အနိုင်ရပြီး ထင်ထားတဲ့အတိုင်း ပြီးသွားပေမယ့် ငါ့အတွက် သူ့ကို လွှတ်ပေးလိုက်တယ်။

Long Feiye  တွင် ထိုသို့ လုပ်ဆောင်တတ်သော အကျင့်စရိုက် ရှိနေသေးသည်။ ထို့အပြင်  Gu Qishao  မှာ သူ၏ ပြိုင်ဘက် သို့မဟုတ်  Jun Yixie  အားပင် မယှဥ်နိုင်ချေ။ သူက အဆိပ်သုံးလျှင်တောင်မှာ Long Feiye  ၏ သာလွန်သော အမြင်ကြောင့် အရှိန်မှာ ကန့်သတ်ချက် ရှိနေလိမ့်မည်။  ၎င်းအား စိတ်ထဲတွင် သိနေသည့်တိုင် Han Yunxi  မှာ ခင်ပွန်းဖြစ်သူအား ရန်စကာ မေးမြန်းလိုက်ဆဲဖြစ်သည်။ “Long Feiye.. ရှင်နိုင်ခဲ့လား။”

Long Feiye  မှာ သူမအား မကြားဟန်ဆောင်ကာ အမူအရာ ကင်းမဲ့စွာဖြင့် လက်ဖက်ရည်နှပ်ရန် သူမ၏ ဘေးတွင် ထိုင်လိုက်သည်။ Han Yunxi  မှာ သူ့ထံ တိုးကပ်သွားပြီး ထပ်မံ မေးမြန်းလိုက်ပြန်သည်။ “ဘယ်သူနိုင်သွားလဲ။”

Long Feiye မှာ စကားမဆိုသေးသဖြင့်  Han Yunxi  မှာ သူ၏ လက်ဖက်ရည်ခွက်ပေါ်တွင် လက်တင်ကာ ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို မေးနေတယ်လေ.. ရှင်သိရဲ့လား။"

Gu Qishao  မှာ မျက်လုံးရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်နေတော့သည်။ ဒီကောင်မလေးက ဘယ်တုန်းက ဒီလောက် ရဲတင်းသွားတာလဲ။ သူမက  Long Feiye  ရှေ့မှာ ကိုယ်လုပ်တော်လေးကို ပြုမူနေတတ်ခဲ့ပြီးတော့…

လက်ဖက်ရည်မှ တားဆီးခံရသည်အား ဒေါသထွက်မည့်အစား Long Feiye  မှာ ရိုးရှင်းစွာဖြင့်  Han Yunxi  ၏ တစ်ဝက်သာ သောက်ရသေးသော လက်ဖက်ရည်ခွက်အား ယူသောက်လိုက်လေသည်။သူက သူမ၏ မေးခွန်းအား ဖြေကြားရန် ငြင်းဆန်နေဆဲ ဖြစ်သည်။ နည်းလမ်းကျစွာ ဆိုရလျင် ယမန်နေ့ညမှ သူနှင့် Gu Qishao  ၏ တိုက်ပွဲမှာ အနိုင်ရသူ သို့မဟုတ် ရှုံးနိမ့်သူဟူ၍ မရှိပေ။ သူနှင့် ပြိုင်ဘက်မှာ ဇာတ်လမ်းဆင်ရန်သဘောမတူရသေးသဖြင့် သူက Han Yunxi  အား မည်သို့ တစ်စုံတစ်ရာ ရှင်းပြနိုင်မည်နည်း။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now