အခန်း(၄၆၆)
Han Yunxi ၏ အလေးအနက် တစ်ဖက်ခြမ်း။
Gu Qi Sha ရဲ့ အစိတ်အပိုင်းအသစ်တွေက ဘာကို ပြသနေမလဲ။ အဖြူနဲ့ အနက် အတူတူလား။
မဟုတ်ချေ။ ထိုအပိုင်းအစများမှာ မူလကြွေပုလင်း၏ အရောင်ဖြစ်သည့် အတွင်း၌ အဖြူရောင် ဖြစ်နေဆဲပင်။ တစ်နည်းဆိုရလျှင် ၎င်းတို့မှာ သက်ရောက်မှု မရှိချေ။
အပိုင်းအစ နှစ်စုံမှာ စားပွဲပေါ်တွင် ဘေးချင်းယှဉ်ချထားပြီး ဆန့်ကျင်ဘက် အဖြူနှင့် အနက်မှာ မငြင်းနိုင်သော သက်သေဖြစ်သည်။ တစ်နည်းဆိုလျှင် ပုလင်းအပြည့်ရှိသော ဖြေဆေးကသာ ကြွေပုလင်း၏ အတွင်းမျက်နှာပြင်အား အနက်ရောင်ပြောင်းသွားစေသည့် တုံ့ပြန်မှု ပြုလုပ်ပေးနိုင်သည်။ ရှစ်ပုံသာရှိသော ပုလင်းမှာ ထိုသို့ရလဒ်မျိုး မည်သည့်အချိန်မှ ထုတ်ပေးနိုင်မည် မဟုတ်ပေ။
Han Yunxi မှ ယူလာသော ပုလင်းမှာ အတွင်းတွင် လုံးလုံးလျားလျား မဲနက်နေသောကြောင့် Long Feiye မှာ Gu Qi Sha ထံမှ ပုလင်းအား ယူလာချိန်တွင် ဖြေဆေးမှာ ပုလင်းအပြည့်ရှိရမည်ဟု ဆိုလိုနေသည်။
Han Yunxi နှင့် Long Feiye တို့မှာ စိုးရိမ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မတူညီသော အမူအရာများ ရှိနေသည်။ Han Yunxi မှာ အလေးအနက် ရှိနေစဥ် Long Feiye မှာ မလှုပ်မယှက်ဖြင့် အမူအရာကင်းမဲ့နေဆဲ ဖြစ်သည်။ Gu Qi Sha မှာ စုံတွဲ၏ မြင်ကွင်းအား သဘောကျနေပြီး သူ၏ ပညာသားပါသော တုံ့ပြန်မှုအား စဥ်းစားနေသည်။ သဘာဝကျစွာပင် သူက Long Feiye အား လွှတ်ပေးမည် မဟုတ်ပေ။
“ကောင်မလေး အခု ဖြေဆေးက ငါးပုံပဲရှိတော့တာမလို့ ဒီသခင်ကြီးက မင်းကို ပုလင်းအပြည့်အစား ပမာဏတစ်ဝက်နဲ့ ရှစ်ပုံရဲ့ ကွာခြားချက်ကို သရုပ်ပြပေးခဲ့တာ။ ပုလင်းအပြည့်ကပဲ ကြွေသားမှာ ဒီလို တုံ့ပြန်မှု ထုတ်ပေးလိမ့်မယ်။ အဲ့ဒီထက် လျော့လို့ မရဘူး။ မင်းက သက်သေကို ကျေနပ်ပြီလား။” Gu Qi Sha မှာ စိတ်ရှည်လက်ရှည် မေးမြန်းလိုက်သည်။
Han Yunxi မှာ အပိုင်းအစများအား တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ Gu Qi Sha မှာ အလွန်ထက်မြက်လှသည်။ သူက Long Feiye အား အလျင်စလို ရှုတ်ချခြင်း မပြုပဲ Han Yunxi အား အေးစက်စွာ ရယ်မောလိုက်သည်။ “ချင်ဝမ်ဖေး.. မင်းက ဒီနယ်ပယ်ထဲက လူလို့ ယူဆလို့ရပါတယ်။ ဖြေဆေးတစ်ပုံလောက်အတွက်နဲ့ ဒီသခင်ကြီးကို ရန်တွေ့ဖို့ အပြေးအလွှား ရောက်လာတယ်။ ဘယ်လောက် ဆိုးလိုက်လဲ။"

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...