အခန်း(၄၄၅)

1.3K 134 21
                                        

အခန်း(၄၄၅)

သူမ ဘာမြင်လိုက်ရတာလဲ။







Baili Mingxiang မှာ လေးစားရတဲ့ဝမ်ဖေး၏ ကျောပြင်တွင် ထိုအရာအား မြင်ရရန် မထင်မှတ်ထားခဲ့ပေ။

၎င်းမှာ အနီရောင်ရှိသည့် တောင်ပံဖြန့်ကာ ပျံသန်းဟန်ပြင်နေသည့် ဇာမဏီ --- ဇာမဏီ တောင်ပံခတ်နေဟန် မွေးမှတ်ပင်။ အရောင်မှာ ဖျော့သဖြင့် ဤမျှ အနီးကပ်မဟုတ်လျှင် သူမက သတိပြုမိမည်မဟုတ်ပေ။ Baili Mingxiang မှာ မြင်ကွင်းကြောင့် အံ့အားသင့်နေပြီး နှလုံးသားမှာလည်း စတင်ကာ ခုန်ပေါက်လာတော့သည်။

ဒီမွေးမှတ်က ကြောက်စရာကောင်းလွန်းတယ်။

အကယ်၍ သူမက မှတ်မိသည်မှာ မှန်လျှင် ထိုကဲ့သို့ ထူးခြားသော အမှတ်အသားမှာ အနောက်ချင်တော်ဝင်မျိုးနွယ်ဝင်များအားလုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သူမက ငယ်ရွယ်စဥ်တွင် ထန်မျိုးနွယ်၏ မဟာချင်တော်ဝင်ထုံးတမ်း လျှို့ဝှက်သမိုင်းမှ ၎င်း၏ မှတ်တမ်းအား မြင်ဖူးထားခဲ့သည်။ ခြွင်းချက်မရှိ အနောက်ချင်တော်ဝင်မျိုးနွယ်ဝင် အမျိုးသမီးတိုင်းမှာ ထိုမွေးမှတ်ဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။

၎င်းမှာ လူထုမှ သိနိုင်သည့် ကိစ္စမဟုတ်သော်လည်း Baili Mingxiang မှာ အမှတ်တမဲ့ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထန်မျိုးနွယ်တွင် မဟာချင်၏ အမျိုးမျိုးသော လျှို့ဝှက်စာအုပ်များ ဒါဇင်နှင့်ချီ၍ ရှိနေသည်။ ထိုအချက်အလက်မှာ မည်သည့်စာအုပ်မှ လာမှန်း သူမက မမှတ်မိတော့သော်လည်း ၎င်းမှာ အမှန်ဖြစ်ကြောင်း သိနေသည်။ အရှင့်သားချင်ဝမ်၊ အဒေါ်ရူနှင့် ကျန်သူများမှာ ကျန်ရှိသော မြင့်မြတ်သည့်မိသားစုများ၏ သတင်းအား ဂရုတစိုက် စုံစမ်းခဲ့ကြသော်လည်း သတင်းမရှိခဲ့ပေ။ အနောက်ချင်တော်ဝင်မျိုးနွယ်ဝင်များ အားလုံးမှာ သေဆုံးသွားပြီ ဖြစ်သဖြင့် သူတို့က များစွာ မတွေးခဲ့ပေ။ မျိုးနွယ်၏ နောက်ဆုံးနန်းမွေခံမှာ ယို့(nether)မျိုးနွယ်မှ မြှားထိကာ သေဆုံးသွားခဲ့ခြင်းမှာ လူတိုင်းသိသော ကိစ္စရပ်ဖြစ်သည်။ ယခုအချိန်တွင် အနောက်ချင်တော်ဝင်မျိုးနွယ်မှာ ရှေးသမိုင်းတစ်ခုသာ ဖြစ်လာသဖြင့် သူတို့အား ထပ်မံ၍ စုံစမ်းရန် အဓိပ္ပါယ်မရှိတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now