အခန်း(၅၇၂)

980 87 18
                                        

အခန်း(၅၇၂)

တန်ကြေးကြီးမားစွာ ပေးဆပ်ရခြင်း။




ဧကရာဇ် Kang Cheng မှာ ယခုတွင် Han Yunxi အား သေချာ ကြည့်လာတော့သည်။ ယခင်က သူမအား လျစ်လျူရှုထားခဲ့သော်လည်း ယခုနောက်ဆုံးတွင် သူမထံ လာရောက် အကူအညီတောင်းရတော့မည်။အကယ်၍ ယခုတွင် Han  Yunxi မှာ တန်ကြေးအား မြှင့်တင်ခြင်း မပြုလျှင် သူမက Han  Yunxi  မဖြစ်နိုင်တော့ပေ။ အတိတ်တွင် Long Feiye ၏ ပံ့ပိုးကူညီမှုမပါပဲ ဧကရာဇ် Tianhui အား သူမကိုယ်တိုင် စိန်ခေါ်ဝံ့ခဲ့သဖြင့် အခုတွင်တော့ ပြောစရာ မလိုတော့ပေ။

သူမအပေါ်  ဧကရာဇ်၏မျက်လုံးများအား ခံစားမိနေသော်လည်း Han  Yunxi  မှာ သတိမပြုမိ ဟန်ဆောင်ကာ လက်ဖက်ရည်ခွက်ထံသို့ အကြည့်လွှဲလိုက်သည်။ ဧကရာဇ် Kang Cheng မှာလည်း ချင်ဝမ်အား ခေါ်ထားနိုင်ရန် မျှော်လင့်ချက်မှာ ထိုအမျိုးသမီးအား ဦးစွာ ကျေနပ်စေရမည်မှန်း သိထားသည်။ Duanmu Baiye မှာ ဤမျှ ရူးမိုက်လွန်းသူဖြစ်မည်အား သူက သတိပြုမိခဲ့ပါက Han  Yunxi အား လျစ်လျူရှုခဲ့မည်မဟုတ်ပေ။ ယခုတွင် သူက နောင်တရရုံမှတပါး မည်သည့်အရာမှမခံစားရတော့ပေ။

ဧကရာဇ် Kang Cheng မှာ လျင်မြန်စွာ အကြည့်အား ရုတ်သိမ်းလိုက်ပြီးနောက် ပြောလိုက်သည်။ "မင်းတို့နှစ်ယောက်လုံး… အိမ်ရှေ့စံက ငါ့ရဲ့ အနောက်ကျိုးကို သိက္ခာကျအောင် စော်ကားပြောဆိုမိသွားပါတယ်။ကိုယ်တော့်ကို ထောက်ထားပြီး  ဒီကိစ္စကို အာဃာတမထားပါနဲ့။ဒါမှမဟုတ် ဒီတစ်ကြိမ် တရားဝင်လာရောက်လည်ပတ်တာအတွက် မင်းတို့ရဲ့ခံစားချက်တွေကို မထိခိုက်ဖို့ ငါက တောင်းဆိုပါတယ်။"

'ငါ့ရဲ့အနောက်ကျိုးအတွက် သိက္ခာကျအောင်'  ဆိုသည်မှာ ပြင်းထန်သည့်စကားပင်။အကြွင်းမဲ့ တောင်းပန်ခြင်းမဟုတ်သော်လည်း အုပ်စိုးရှင်တစ်ဦးအတွက် မိမိနိုင်ငံအကြောင်း ထိုသို့ ပြောရန်မှာ အထင်ကြီးစရာလောက်စရာ စကားလုံးများ ဖြစ်နေဆဲပင်။ 

Long Feiye မှာ နောက်ဆုံးတွင် ပါးစပ် ဖွင့်လိုက်သည်။ “ကလေးတွေရဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်ကို ဒီအရှင်က ဘယ်တုန်းကမှ အာဃာတ မထားပါဘူး။ဧကရာဇ် Kang Cheng က အခြေအနေကို ချဲ့ကားနေတာပါ။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now