အခန်း(၅၈၁)

503 58 16
                                    

အခန်း(၅၈၁)

ခွေးစားသွားသော ယုံကြည်မှုများ။






ဒူးတစ်ဖက်ထောက်ကာ လဲကျသွားသော်လည်း Gu Beiyue ၏ လက်ချောင်းများတွင် ရွှေရောင်ဓားမြှောင်လေးအား ဆုပ်ကိုင်ထားဆဲဖြစ်သည်။ ဤတစ်ကြိမ်တွင် ညာလက်အား မြှောက်ရန် နည်းလမ်းမရှိတော့သဖြင့် သူက ဘယ်ဘက်လက်အား အသုံးပြုလိုက်သည်။ သို့သော် Chu Yunyi မှာ သူ့အား ကောင်းမွန်စွာ သိထားပြီး သူ့တွင် လက်နက်ရှိနေဆဲဖြစ်သည်အား သိထားကာ ခပ်ခွာခွာနေခဲ့သည်။ ထိုအစား သူက Gu Beiyue ၏ ဘယ်ဘက်ပခုံးအား မြှားဖြင့် ချိန်ရွယ်လိုက်သည်။

ဒီသစ္စာဖောက်။ ဆိုတော့.. သူက Long Feiye နဲ့ Han Yunxi ဘက် လှည့်သွားတာပဲ...

Gu Beiyue မှာ Chu Yunyi မှ မြှားအား မြှောက်လိုက်သည်အား ရှင်းလင်းစွာဖြင့် အဝေးမှမြင်နေကာ သူ၏ အကြည့်များမှာ ရှုပ်ထွေးလာသည်။ ယို့ နှင့် အရိပ်မျိုးနွယ်တို့မှာ မျိုးဆက်ပေါင်းများစွာ အတူတကွ လက်တွဲလုပ်ဆောင်ခဲ့ပြီး Gu Beiyue မှာ Chu Yunyi မှ သူ့အား ကြံစည်လာမည်ဟု တစ်ကြိမ်မျှပင် သံသယမဝင်ခဲ့ပေ။ Long Feiye ကဲ့သို့ ထက်မြက်သော လူတစ်ယောက်မှာလည်း Chu Yunyi ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားမည်ဟု မမျှော်လင့်ခဲ့ပေ။ လက်ဖက်ရည်တစ်ခွက်စာ အချိန်ကုန်သွားချိန်တွင်တော့ သူ၏ တည်ငြိမ်သော မျက်နှာအောက်ရှိ နှလုံးသား အနက်ရှိုင်းဆုံး နေရာတွင် မုန်တိုင်းထန်လာသည်။ သူ၏ အတွေးများမှာလည်း ကမောက်ကမဖြစ်ကာ အာရုံမစိုက်နိုင်ပဲ လွင့်မျောနေသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ မိန်းကလေး Yunxi အား ကာကွယ်နိုင်တော့မည် မဟုတ်မှန်း သူက သိနေသည်။ သူ့အတွက် ရွေးချယ်စရာမှာ တစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ ယာယီဖြေရှင်းချက်တစ်ခုမျှသာဖြစ်သော်လည်း အနည်းဆုံးတော့ မိန်းကလေး Yunxi ၏အသက်အား ထိန်းသိမ်းနိုင်ပြီး သူမအား ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်နိုင်လိမ့်မည်။

အဲဒါက သူမရဲ့ မြင့်မြတ်တဲ့ ဇစ်မြစ်ကို ဖော်ထုတ်ဖို့ပဲ။

ယို့မျိုးနွယ်မှာ အလွန်ရည်မှန်းချက်ကြီးလှသည်။ သူတို့က အနောက်ချင်၏ နန်းမွေခံအား အဆက်မပြတ်ရှာဖွေနေခဲ့ပြီး ထိုသူအား ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်ကာ သူ၏ အမည်ဖြင့် အုပ်စိုးနိုင်ရန် ကြိုးပမ်းနေခဲ့သည်။ သို့တိုင် သူက Han Yunxi ၏ ဇစ်မြစ်အား Chu Yunyi အား ပြောပြခဲ့လျှင် ထိုအမျိုးသားမှာ သူမအား ထိခိုက်စေရန်အတွက်မူ အလွန်ကြောက်ရွံ့ရိုသေနေဦးမည်။ အကယ်၍ သူက Chu Yunyi ၏ နောက်ထပ်မြှားအား ပိတ်ဆို့ထားနိုင်လျှင်တောင်မှ တတိယမြောက် သို့မဟုတ် စတုတ္ထမြောက်အား ရှောင်တိမ်းနိုင်မည်လားဆိုသည်အား မပြောနိုင်ပေ။ထို့ကြောင့် Gu Beiyue မှာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now