အခန်း(၄၅၇)
လူ့စိတ်နှလုံးက သနားကြင်နာမှု ရှိသင့်တယ်။
“ကျွန်မ ဘယ်သူ့ကိုမှ မလိမ်ဘူး။"
“ကျွန်မ မလိမ်ဘူး။ မလိမ်ဘူး… မလိမ်ဘူး။"
ခေါင်းမာသော မိန်းကလေး၏ ငိုယိုသံများမှာ မကြာခင် ချင်ဝမ်အိမ်တော် ခြံဝန်းတစ်ခုလုံး ပြည့်နှက်သွားတော့သည်။ ယခုတွင် Su Xiaoyu ၏ ဦးရေပြားတစ်ခုလုံးမှာ အပူလောင်ခံထားရပြီး သူမအား မူးဝေလာစေသည်။ သူမက စိတ်ခွန်အားသာ အသုံးပြုရင်း တောင့်ခံနေသည်။ သေခြင်းတရားမှာ သူမထံရောက်လာမည်မှန်း သိထားသော်လည်း သူမ၏ စကားများအား ပြတ်သားစွာ ကာကွယ်နေဆဲဖြစ်သည်။ သခင်ကြီးက ငါ့ကို စွန့်ပစ်ရင်တောင် ငါက ဘယ်တော့မှ သူ့ကို ရောင်းမထုတ်ဘူး။ သခင်ကြီးက ငါ့ကို နှစ်တွေမနဲ ပြုစုပျိုးထောင်ပေးခဲ့တယ်။ သူသာမရှိရင် သူမကလည်း ဒီနေ့မှာ ရှိလာနိုင်မှာ မဟုတ်ဘူး။ ငါက ကျေးဇူးကြွေးကို သစ္စာဖောက်မယ့်သူ မဟုတ်ဘူး။
Long Feiye မှာ လက်ထဲတွင် ကြိုးအား မြဲမြံစွာ ကိုင်ထားရင်း အေးစက်စွာ ကြည့်နေသည်။ Su Xiaoyu အား ထပ်မံ နိမ့်ချရန် မလိုတော့ပေ။ အကယ်၍ သူက သူမအား ရေထဲတွင် လုံလောက်စွာ ကြာအောင်ထားလိုက်လျှင် သူမက အကူအညီအတွက် ငိုယိုနေခြင်းရပ်ကာ မကြာခင် အခြေအနေမှာ မျှော်လင့်ချက် မဲ့သွားလိမ့်မည်။ Baili Mingxiang နှင့် Han Yunxi မှာ အရေပြားတစ်လျှောက် အပူလောင်သော ဒုတိယအဆင့် အပူလောင်မှုအား ခံစားခဲ့သည်။ ချက်ချင်း ကုသခြင်းဖြင့်လျှင် အပြည့်အဝ သက်သာရန် ဆယ်ရက်အတွင်း ကြာခဲ့သည်။ သို့သော် Su Xiaoyu ၏ အခြေအနေမှာ ပို၍ ပြင်းထန်သည်။ ၎င်းမှာ အပြည့်အဝ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် အပူလောင်မှုပင် ဖြစ်နိုင်သည်။
ရှိနေသည့် လူများထဲတွင် Long Feiye တစ်ယောက်သာ မလှုပ်မယှက် ရှိနေသည်။ သူ၏ ထောက်ထားစာနာမှု အေးစက်သော မျက်နှာမှာ ရက်စက်သော စိတ်ဓါတ်နှင့် တူညီနေသည်။ အစောင့်များနှင့် လက်ပါးစေကောင်လေးများမှာ ကြာမြင့်စွာကပင် မြင်ကွင်းအား မကြည့်နိုင်တော့ပဲ Han Yunxi မှာ နာကျည်းသော ခံစားမှုအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ Su Xiaoyu မှ အလွန်ခေါင်းမာနေကာ အဆုတ်ကွဲမတတ် အော်ဟစ်နေသည့် မြင်ကွင်းမှာ သူမ၏ နှလုံးသားတွင် တင်းမာလာမှုအား ခံစားရစေသည်။ သူမက ဤသည်အား ဆက်လက်၍ ဖြစ်ခွင့်ပေးရန်အထိ နှလုံးသားကင်းမဲ့သူ မဟုတ်ကြောင်း ဝန်ခံနိုင်သည်။

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
أدب تاريخي**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...