အခန်း(၄၆၅)

1.2K 122 14
                                        

အခန်း(၄၆၅)

အလွန်ရန်စနေသော မြင်ကွင်း။







Gu Qi Sha  မှာ အတွင်းမျက်နှာပြင်အား ဖော်ပြရန် တစ်ပိုင်းတစ်ပိုင်း ထုတ်လိုက်လျှင် Han Yunxi နှင့် Long Feiye  တို့မှာ နက်မှောင်နေသော အတွင်းမျက်နှာပြင်အား သတိပြုမိသွားတော့သည်။

ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လို ပစ္စည်းမျိုးက အဖြူရောင်ကြွေထည်ကို အရောင်ပြောင်းစေနိုင်မှာလဲ။

ကြွေသုတ်ထားသောပစ္စည်းများမှာ အလွန်တည်ငြိမ်ကာ ကောင်းမွန်လွန်းသော ပစ္စည်းများဖြစ်သည်။ အလွန်မြင့်မားသော အပူချိန်မှလွဲ၍ ၎င်းတို့မှာ အက်ဆစ် သို့မဟုတ် ဆေးဝါးများ ထည့်သွင်းထားသည့် အခြေအနေများတွင်သာ ရှားပါးစွာ တုံ့ပြန်မှု ပြနိုင်သည်။ အလွန် တိုက်စားမှုပြင်းထန်သော အရာဝတ္ထုပင် ထိုမျက်နှာပြင်အား တိုက်စားရန် ခက်ခဲနိုင်ကာ ဆေးဝါးအများစုမှာ ထိုသို့ ပုလင်းမျိုးဖြင့် သိမ်းဆည်းထားကြသည်။ ပြောင်းဆန်စေ့အဆိပ် ဖြေဆေးမှာ အတန့်အသင့် အက်ဆစ်ဓါတ်ရှိသော်လည်း ထိုကဲ့သို့ ပုလင်းမျိုးတွင် နှစ်ပေါင်းများစွာ သိမ်းထားလျှင်တောင်မှ ကြွေသားတွင် သက်ရောက်မှု ရှိလာမည် မဟုတ်ပေ။ အညစ်အကြေးဆေးမှုန့်တွေကို အပြစ်တင်ရမှာလား။

Han Yunxi  မှာ ချက်ချင်းပင် ဆေးအညစ်အကြေးများပါနေသော ပုလင်းအား ကြည့်လိုက်စဥ် Long Feiye မှာ Gu Qi Sha အား မသက်မသာဖြစ်ကာ ကြည့်လိုက်သည်။ Gu Qi Sha ၏ ယခင်မှ ဒေါသများမှာ သရုပ်ဆောင်နေရုံသာ ဖြစ်ပြီး Long Feiye  နှင့် Han Yunxi တို့ ရောက်လာသည်အား သိတည်းက စိတ်ပျော်နေခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူက သက်သက်သာသာဖြင့် ပါးစပ်ပိတ်နေကာ Long Feiye အား အဓိပ္ပါယ်များဖြင့် ကြည့်လိုက်သည်။

သုံးယောက်လုံးမှာ တိတ်ဆိတ်နေကာ တစ်ယောက်စီတွင် အတွေးများ ပြည့်နေကြသည်။ Han Yunxi  မှာ အဆိပ်ဖြေစနစ်အား စတင်ကာ ဆေးထဲမှ အညစ်အကြေးများအား ခွဲခြားစိတ်ဖြာနေသည်။ ယခင်က ထိုဆေးများမှာ ဖြေဆေးအား သက်ရောက်မှု မရှိနိုင်ကြောင်း သူမက ဆုံးဖြတ်ခဲ့သဖြင့် စိတ်သက်သာကာ ပမာဏတွင်သာ အာရုံစိုက်နေခဲ့သည်။ ယခုတွင် ကြွေသားမှ အနက်ရောင်ပြောင်းသွားခြင်းမှာ ၎င်းတို့အား အပြစ်တင်ရမည် ဖြစ်ကြောင်း သူမက သံသယဝင်နေသည်။ ၎င်းတို့မှာ ပုလင်းဖြင့်ဖြစ်စေ မူလဖြေဆေးမှ ပစ္စည်းဖြင့် ဖြစ်စေ ဓါတ်ပြုကာ မျက်နှာပြင်အား အနက်ရောင်ခြယ်လိုက်ခြင်း ဖြစ်ရမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now