အခန်း(၅၀၁)

703 101 8
                                    

အခန်း(၅၀၁)

ချင်ဝမ်က မြို့တော်က အရင်ဆုံး မြို့တော်က ထွက်သွားတယ်။






ထိုစကားလုံးများမှာ Mu သားအဖအား သစ္စာဖောက် အစောင့်များဖြင့် အဖြစ်အပျက်အား သံသယဝင်စရာမလိုပေ။ Long Tianmo မှာ အသေးစိတ်အချက်အလက်များအား မသိရသေးသည့်တိုင်အောင် ထိုဖွင့်ဟချက်မှာ သူ့အား ပို၍ ဒေါသထွက်စေသည်။သူက စားပွဲပေါ်အား လက်သီးဖြင့် ထိုးလိုက်တော့သည်။ "ခင်များတို့တွေဟာလေ တကယ်ပါပဲ..”

သူနှင့် Mu Qingwu မှာ ခမည်းတော်၏ ယုံကြည်မှု ရရှိရန်  များစွာ လုပ်ဆောင်ခဲ့ရပြီး ဧကရာဇ်မှာ မူသားအဖအား  အစောင့်အကြပ်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် ဆင့်ခေါ်လိုက်သည်နှင့် ကိစ္စများမှာ ရုတ်တရက် တောင်ဘက်သို့ လှည့်သွားတော့သည်။ အကယ်၍ ထိုသူများ၏ သစ္စာဖောက်လုပ်ရပ်များမှ ခမည်းတော်၏ သံသယများအား လှုံ့ဆော်ပေးခဲ့ခြင်း မရှိခဲ့လျှင် ကိစ္စများမှာ  ဤအခြေအနေအထိ ဖြစ်လာမည် မဟုတ်ပေ။ ယခင်ကပင် ခမည်းတော်မှာ  မူမိသားစုအား ယုံကြည်သောကြောင့် စစ်စခန်းပေါက်ကွဲမှုပြီးနောက် မူမျိုးနွယ်၏ စစ်အင်အားအား လျင်မြန်စွာ ဖြိုခွဲခြင်း မပြုခဲ့ပေ။ အနည်းဆုံးတော့ တွန့်ဆုတ်ကာ သူတို့၏ မတရားမှုအတွက် တိုက်ပွဲဝင်ရန် အချိန်ပေးခဲ့လိမ့်မည်။

အခုကြည့်။ အရှေ့နန်းဆောင်က ရုံးတော်တစ်ခုလုံးရှေ့မှ လူရယ်စရာ ဖြစ်သွားပြီ။  မူမျိုးနွယ်အား  ဖြုတ်ချခြင်းမှာ ဧကရာဇ်မှ အိမ်ရှေ့စံအားလည်း သံသယဝင်နေကြောင်း မည်သူမဆို ပြောနိုင်သည်။

စစ်သူကြီး Mu မှာ စကားပြောရန် ငြင်းနေသေးသည်အား မြင်လျှင် Long Tianmo ၏ မျက်နှာမှာ သုန်မှုန်နေတော့သည်။  သူက ထွက်သွားရန် ပြင်လိုက်စဥ် ထိုလူမှာ ရုတ်တရက် ပြောလာတော့သည်။ “အရှင်သား ကျေးဇူးပြုပြီး စိတ်ထိန်းပါ။ ဒီအဖြစ်အပျက်မှာ ဒီစစ်သားက ဆွေးနွေးဖို့ ဝန်လေးနေတဲ့အရာတွေ ပါဝင်နေပါတယ်။”

"ငါ့ကိုပြော…" Long Tianmo က ဒေါသအား ထိန်းထားရသည်။

သို့တိုင် စစ်သူကြီး Mu မှ နာမည်တစ်လုံးအား ပြောပြီးနောက်မှာတော့ Long Tianmo ရဲ့ လက်သီးမှာ  စစ်သူကြီး Mu ၏ တန်ဖိုးအကြီးဆုံး ရွှေချည်ကြိုး (Phoebe nanmu) လက်ဖက်ရည်စားပွဲအား ကြေမွသွားစေသည်။ ပြောလိုက်သည့် နာမည်မှာ... Mu Liuyue မှ လွဲ၍ တခြားမဖြစ်နိုင်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now