အခန်း(၄၁၄)
ဘာပြောစရာတွေ ရှိနေလို့လဲ။
Han Yunxi နှင့် Gu Beiyue တို့မှာ တစ်စုံတစ်ရာအား ရယ်မောနေစဥ် အေးခဲနေသည့် မျက်နှာဖြင့် Long Feiye မှာ မေးခွန်းထုတ်လိုက်သည်။ “Gu Beiyue.. မင်းက လတ်တလောမှာ နာမကျန်းခွင့်တင်ပြီး ဇာတိပြန်သွားတယ်လို့ ကြားတယ်။”
Gu Beiyue မှာ လျင်မြန်စွာ လှည့်ကာ ဦးညွှတ်လိုက်သည်။ “ဟုတ်ပါတယ်။”
“မင်းရဲ့ ဇာတိက ဘယ်မှာလဲ။” Long Feiye မှာ အေးစက်စွာ မေးလိုက်သည်။ Han Yunxi မှာလည်း သိချင်သွားတော့သည်။ သူမက နားလည်ထားရသည်မှာ Gu Beiyue မှာ အဘိုးဖြစ်သူနှင့် ထျန်းနင်မြို့တော်သို့ ပါလာခြင်း ဖြစ်သည်။ သူက ငယ်ဘဝအား တိမ်တိုက်နယ်ပယ်ဆေးပညာသင်တန်းကျောင်းတွင် ကုန်ဆုံးခဲ့ရခြင်း ဖြစ်နိုင်သည်။ သို့တိုင် သူ၏ ဖခင်ဖြစ်သူ၏ ဇာတ်မြစ်နှင့် ပတ်သက်၍ မည်သည့်အချိန်ကမှ မပြောခဲ့ပေ။
“Longxi မှာပါ။ ဒီအရာရှိက ငယ်တည်းက မိဘနှစ်ပါးလုံး မရှိတော့တာမလို့ အဖေဘက်က အဘိုးက စောင့်ရှောက်ပေးခဲ့တာပါ။ ကျွန်တော်ဘိုးဘွားတွေအိမ်က Longxiခရိုင်မှာ ရှိနေပြီး ဆေးပညာ ထွန်းကားပါတယ်။ အဲ့ဒီနောက်မှ အဘိုးနဲ့ ကျွန်တော်က ထွက်လာပြီး ထျန်းနင်မှာ နေခဲ့တာပါ။ ဒီတစ်ခေါက် Longxi ကို ပြန်တာ အကြောင်းအရင်း နှစ်ချက်ရှိပါတယ်။ တစ်ချက်က ရောဂါကုဖို့နဲ့ နောက်တစ်ချက်က ဘိုးဘွားတွေကို အရိုအသေပေးဖို့ပါ။"
Gu Beiyue မှာ Long Feiye မှ နောက်ထပ် ဘာမေးလာမည်အား သိနေဟန်တူသည်။ သို့ဖြစ်၍ သူက အဖြေနှင့်အတူ ရိုးရှင်းစွာပင် ပြတ်သားစွာ ရှင်းပြလိုက်သည်။ Long Feiye မှာ ဤအချက်အလက်များအား ဆေးပညာသင်တန်းကျောင်းမှတ်တမ်းတွင် လူလွှတ်ကာ စုံစမ်းခဲ့ပြီး အချက်အလက်များအား Longxi တွင်လည်း အတည်ပြုပြီး ဖြစ်လေသည်။ Long Feiye မှာ Gu Beiyue အား အပြည့်အဝ မယုံကြည်နိုင်သော်လည်း သူ၏ စမ်းသပ်မှုတွင် မည်သည့် အလိမ်အညာမှ မတွေ့ရချေ။ အကယ်၍ သူက ဆေးမြို့တော်တွင် ထိုအခွင့်အရေး၌ လှုပ်ရှားမှုအား မတွေ့ရခဲ့လျှင် ထိုအမျိုးသားအပေါ်ရှိ သံသယများအား အချိန်ကြာမြင့်စွာကပင် ဖယ်ရှားလိုက်ပြီဖြစ်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Ficção Histórica**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
