အခန်း(၄၇၆)

1.2K 111 14
                                        

အခန်း(၄၇၆)

ငါတို့က ရှာတွေ့တဲ့အထိ စောင့်နေ။





သူတို့က မှောင်ခိုဈေးသို့ ရောက်လာခဲ့ပြီ။

သုံးယောက်မှာ ဈေးတွင်းသို့ ဝင်လာပြီး စကားပြောရန် Wu Shu ၏ ဆန်ဆိုင်၌ ရပ်တန့်လိုက်ကြသည်။ အလုပ်သမားများမှာ Han Yunxi  အား မြင်သည်နှင့် တစ်ပြိုင်နက် စုရုံးလာကြသည်။ သူတို့၏ သခင်မမှ ဤနေရာတွင် ယခင်တစ်ကြိမ်၌ တော်ဝင်ဦးလေး၏  စပါးများ ဝယ်ယူခဲ့ပြီ ထိုသူများ၏ လေးစား သဘောကျမှု ရှိနေသည်။ သူမက တစ်နေ့တွင် မှောင်ခိုဈေး၌ သူတို့အား နောက်တစ်ကြိမ် ကူညီကာ စီးပွားရေးကြီး ပြုလုပ်နိုင်ရန် အလွန်အမင်း မျှော်လင့်နေကြသည်။ ဒီအမျိုးသမီးက တခြားသူတွေကို တကယ်ကို ပေးဆပ်ရအောင် လုပ်နိုင်တယ်!!! အကယ်၍ သူမက ရှိနေလျှင် တစ်နှစ်နှင့် တစ်ဝက်အတွင်း သူတို့က မှောင်ခိုဈေးတွင် အင်အား ကြီးမားလာနိုင်သည်။ အသေအချာပင် သုံးယောက်မှ အနောက်ဘက်ခြံဝန်း တံခါးသို့ ရောက်သွားသည်နှင့် အလုပ်သမားများမှာ ရပ်တန့်လိုက်ကြသည်။ ထိုနေရာမှာ Wu Shu မှ လွဲ၍ မည်သူမှ မဝင်ဝံ့သော နေရာဖြစ်သည်။

Long Feiye  မှ ထိုင်လိုက်သည်နှင့် Wu Shu  မှာ မှောင်ခိုဈေးကွက်မှ Zhangsun Zelin ၏ ဆိုင်များ၊ သိုလှောင်ရုံများနှင့် ပိုင်ဆိုင်မှု အမျိုးမျိုးတို့ဖြင့် ပတ်သက်သော အသေးစိတ် မှတ်တမ်းများဖြင့် ပစ္စည်းများ ထူထပ်စွာ ပေးလာလေသည်။ Ouyang Ningnuo ၏ စကားတစ်ခွန်းမှ Long Feiye ၏ လူများမှာ ဤမျှလောက်အထိ ရှာဖွေနိုင်မည်ဟု သူမက မထင်မှတ်ထားပေ။ Long Feiye  မှာ ထိုသူများထက် မှောင်ခိုဈေးအား ပို၍ သိနေဟန်တူသည်။

Long Feiye  မှာ ဂရုတစိုက်ဖြင့် ပစ္စည်းများအား လှန်လှောကြည့်နေစဥ် Gu Qi Sha  မှာ ဂနာမငြိမ် ဖြစ်နေသည်။ “ Long Feiye မင်းမှာ အစီအစဉ်ရှိတာလား.. မရှိတာလား။ ရှိရင် ဒီအဘိုးကြီးနဲ့ မျှဝေချေ..”

Long Feiye  မှာ သူ့အား လျစ်လျူရှုထားလေသည်။ Han Yunxi မှာလည်း သူတို့၏ မြင်းလှည်းတွင် မည်သည့်ကိစ္စမှ မသိခဲ့ရပဲ Long  Feiye မှာ Zhangsun Zelin အား တုံ့ပြန်ရန် မည်သို့ စီစဉ်နေကြောင်း မသိသဖြင့် တူညီသော မေးခွန်းအား မေးမြန်းချင်နေသည်။ Ouyang Ningnuo  မှာ သူတို့အား သဲလွန်စ ပေးလိုက်သော်လည်း ပြေလည်အောင် ဖြေရှင်းရန် ခက်ခဲနေဆဲ ဖြစ်သည်။ အကယ်၍ ဆေးဝါးမြို့တော်နှင့် Zhangsun Zelin တို့၏ ကြားရှိ ပူးပေါင်းမှုသတင်းမှာ ပျံ့သွားလျှင် ဆေးဝါးမြို့တော်၏ ဂုဏ်သိက္ခာသာမက Zhangsun Zelin ၏ ဂုဏ်သတင်းအားလည်း ပျက်စီးစေလိမ့်မည်။ သတင်းက လူသိရှင်ကြား ဖြစ်သွားတာနဲ့ သူ့ရဲ့ စီးပွားရေးက သွားပြီပဲ!!! ဖောက်သည်နှင့် မဟာမိတ်၏ သရုပ်မှန်အား ဖော်ထုတ်သော မည်သည့် အပေးအယူသမားမဆို ထပ်မံ၍ ဖောက်သည်ရှာနိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်၍ Zhangsun Zelin  အား နာခံစေရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ အဆက်အသွယ်များအား ယမ်းမှုန့် လျှို့ဝှက်သိုလှောင်ထားသော အကြောင်း အသိပေးရန်နှင့် ခြိမ်းခြောက်ရလိမ့်မည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now