အခန်း(၅၅၆)

891 96 12
                                        

အခန်း(၅၅၆)

သူမကို သွားပြန်ပြောလိုက်။





Han Yunxi ၏ လှောင်ပြုံးမှာ Wu Yi အား ခံရခက်စေသော်လည်း သူမက သည်းခံနေလိုက်သည်။ အဆုံးတွင် သူတို့က ယခုအချိန်၌ သေရေးရှင်ရေးရှေ့တွင် ရောက်နေသဖြင့် Han Yunxi မှာ မာနကြီးနေသည်ဟုသာ ယူဆလိုက်သည်။ သွေးစုတ်လင်းနို့အုပ်မှာ  မကြာခင် လေထဲ၌ ပြည့်လာပြီး Wu Yi  မှာ အတွေ့အကြုံရင့်ကျက်သူ ဖြစ်သည့်တိုင်အောင် ထိုအဆိပ်သတ္တဝါများကြောင့် စိတ်လှုပ်ရှားလာသည်။ သူမက ၎င်းတို့အား အထင်မသေးဝံ့ပေ။

“Han Yunxi.. ဒီလင်းနို့တွေက အရှင်းကြီးကို အဆိပ်ပြင်းလွန်းတယ်။ နင်က မပြောနိုင်ဖူးလား။” Wu Yi  မှ မေးမြန်းလိုက်သည်။

Han Yunxi က ဘာလို့ မပြောနိုင်ရမှာလဲ။

သူမက အတိတ်တွင် ထိုသတ္တဝါများအား ရင်ဆိုင်ခဲ့ရသည်။ လင်းနို့များမှာ ဤတစ်ကြိမ်တွင် ပိုကြီးမားကာ ပို၍ ကြောက်မက်ဖွယ်ကောင်းရုံသာ ဖြစ်သည်။ သို့တိုင် ထိုလင်းနို့အုပ်များ၏ အသေးစိတ်အချက်အလက်များမှာ အတူတူပင်။ ၎င်းတို့မှာ အလျင်စလို တိုက်ခိုက်လာခြင်း မရှိပေ။ ၎င်းတို့မှာ အကောင်တိုင်းမှ ရောက်လာသည်အား စောင့်ကာ  အုပ်စုကြီးတစ်ခုအနေဖြင့် တိုက်ခိုက်ကြသည်။ ထို့အပြင် ဤအုပ်စုမှာ လေထဲတွင် ပျံ့ကျဲနေသည့်တိုင်အောင် အတော်လေး စနစ်တကျ ဖွဲ့စည်းထားဆဲဖြစ်သည်။ လင်းနို့တစ်ကောင်ချင်းစီမှာ လေ့ကျင့်ပေးထားသော စစ်သည်များကဲ့သို့ ကြောက်မက်ဖွယ်ကောင်းကာ ရှင်းလင်းသော တာဝန်ရှိလေသည်။

“ပြောနိုင်တော့ ဘာဖြစ်လဲ။" Han Yunxi မှာ ထေ့ငေါ့လိုက်သည်။

Wu Yi မှာ မျက်ခုံးကျုံ့ကာ Han Yunxi  အား စူးစိုက်ကြည့်လိုက်ပြီး သူမ၏ စကားအား နားမလည်နိုင် ဖြစ်နေသည်။ သူမက ပြောနိုင်တော့ ဘာဖြစ်လဲဆိုတာ ဘာသဘောလဲ။ သူမက အဲ့ဒီကောင်တွေရဲ့ အဆိပ်ကို ပြောနိုင်တာလား မပြောနိုင်တာလား။

ငါတို့က ဒီလို အဆိပ်အုပ်တွေနဲ့ တွေ့ရရင် ရှောင်နေဖို့ပဲ ရှိတယ်ဆိုတာ သူမ မသိဘူးလား။ အဲ့တာတွေက တိုက်ခိုက်ဖို့ အသင့်ဖြစ်တာနဲ့ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now