အခန်း(၄၀၇)
သွေးကွက်။ မတော်တဆ တွေ့ရှိမှု။
Jun Yixie မှာ ငါးဖမ်းကျွန်းမှ ကိုယ်တိုင် မလွတ်မြောက်နိုင်သောကြောင့် သူ၏ မျှော်လင့်ချက်များအား မြောက်ပိုင်းလီတော်ဝင်မျိုးနွယ်ထံတွင်သာ ပုံအပ်ထားရတော့သည်။ အဆုံးတွင် သူက ဤတစ်ကြိမ်၌ ဧကရာဇ်ထံမှ ခွင့်ပြုမိန့်ရပြီးနောက် သူတို့၏ သင်္ဘောများထဲမှ တစ်စင်းအား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူက ပြန်မလာနိုင်ပဲ Long Feiye မှာ ငါးအမြောက်အများဖြင့် ပြန်ရောက်သွားလျှင် မြောက်ပိုင်းလီဧကရာဇ်မှာ သဘာဝကျစွာပင် အဖြစ်အပျက်အား ခန့်မှန်းမိလိမ့်မည်။ သူက ပုံရိပ်ယောင်ပင်လယ်ကန်၏ ဘေးတွင် ထိုင်ကာ စောင့်နေရတော့သည်။ ကံကောင်းစွာဖြင့် သူက အချိန်အတော်ကြာ စားနိုင်သည်အထိ သူတို့က ငါးများ လုံလောက်စွာ ဖမ်းဆီးရမိထားခဲ့သည်။
သို့တိုင် ယခုတွင် သူက ထျန်းနင်ဘေးသင့်ဒုက္ခသည်များနှင့် တူညီသော ကံတရားအဖြစ် အစာတိုင်းအတွက် ငါးများသာ စားနေရသည်။ အချိန်အတော်ကြာ ထိုင်နေပြီးနောက် သူက ပျင်းလာကာ Long Feiye ၏ လူများမှ ပြုလုပ်ထားသော လူလုပ်ရေခဲပေါက်သို့ ဦးတည်ကာ လမ်းလျှောက်သွားလိုက်သည်။ ငါးဖမ်းကျွန်းတွင် ကိုယ်ပိုင်စည်းမျဉ်းများရှိနေသောကြောင့် မည်သည့် အလုပ်သမားနှင့် တံငါသည်များမဆို သူက ထိုနေရာသို့ ချဥ်းကပ်လာသည်အား တားမြစ်ခြင်း မရှိပေ။ Jun Yixie မှာ လက်ဗလာဖြင့် ရေခဲရေအနည်းငယ်အား ခပ်ယူကာ အကြိမ်အနည်းငယ် အနံ့ရှူကြည့်လိုက်ပြီးနောက် လျှာဖြင့် အရသာအား မြည်းစမ်းလိုက်သည်။ Han Yunxi မှာ ငါးမျက်လုံးအကြီး၏ ဒဏ္ဍာရီအား ချိုးဖျက်ကာ ငါးများအား ဆွဲဆောင်ရန် ထိုပုလင်းထဲမှ မည့်သည့်အရာအား ထည့်လိုက်ကြောင်း ရှာဖွေရန် သူက ကြိုးစားနေသည်။ သို့တိုင် သူက ကန်ရေအား တစ်လုတ်အပြည့်သောက်ပြီးသွားသော်လည်း ဆန်းကြယ်မှုအား မဖြေရှင်းနိုင်သေးပေ။
သူမ၏ အဆိပ်စွမ်းရည်မှာ သူ့ထက် မြင့်မားကြောင်း သူက ဝန်ခံရတော့မည်။ Jun Yixie မှာ ရေပြင်တွင် ထင်ဟပ်နေသည့် သူ၏ ပုံရိပ်အား ကြည့်လိုက်သည်။ သူက မထိန်းချုပ်နိုင်ပဲ Han Yunxi မှ အေးခဲနေသော ရေခဲပြင်ပေါ်တွင် ရပ်ကာ လေထဲတွင် လက်မြောက်လိုက်သည့် မြင်ကွင်းအား စဥ်းစားမိသည်။ သူက ထိုအပျိုစင်မှတ်အား သူ၏ မျက်လုံးရှေ့တွင် မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...