အခန်း(၄၂၇)

975 105 17
                                    

အခန်း(၄၂၇)

ဈေးပေါတဲ့ ရိုက်ချက်အတွက် ဈေးပေါတဲ့ ရိုက်ချက်။






Mu Liuyue ဖြစ်စေ Chu Qingge ဖြစ်စေ ဤနေရာတွင် Han Yunxi ၏ ခန်းဝင်ပစ္စည်းအကြောင်းအား ဆွေးနွေးခြင်းမှာ သူမအား အရှက်ခွဲရန် ရိုးရှင်းစွာပင် လေထဲသို့ နှာခေါင်းထိုးလိုက်ခြင်း ဖြစ်သည်။ Han Yunxi မှာ မောင်းမဆောင်ရှိ အခြားနှစ်ယောက်နှင့် ရန်ဖြစ်တော့မည်ဟု ယူဆလိုက်သော်လည်း သူမက ထိုသူများ၏ ရန်စမှုအား မလှုပ်မယှက်ရှိနေဆဲပင်။

သူက သန်မာရင် သန်မာခွင့်ပေးလိုက်ပါ။ ငါကတော့ တောင်ကုန်းငယ်လေးကို ဖြတ်တိုက်ခတ်သွားမယ့် လေညင်းလေးပေါ့။ သူက ရှုပ်ထွေးနေရင် ရှုပ်ထွေးခွင့်ပေးလိုက်ပါ။ ငါကတော့ မြစ်ပြင်ပေါ်မှာ ဖြာကျနေမယ့် တောက်ပတဲ့ လရောင်လေးပေါ့။ [T/N Nine Yang Manual ထဲက Jing Tong ရဲ့ သိုင်းဝတ္ထု The heavenly sword and  dragon  saber  ဇာတ်လမ်းထဲက စာသားလေးပါတဲ့] ပေါ့ပါး အေးချမ်းသော လေညင်းလေးကဲ့သို့ Han Yunxi မှာ မျက်နှာတွင် အနည်းငယ်သာ ပြုံးလိုက်ပြီး ထိုင်နေသည်။ ကိစ္စများက ကြမ်းတမ်းလာချိန်တွင် သူမက သဘောကျသော်လည်း ထိုကဲ့သို့ အရှုပ်အထွေး၏ ပစ်မှတ်ဖြစ်လာရန် ငြင်းဆန်ရပေမည်။

Han Yunxi မှာ ငါးစာအား ဟပ်လိုက်ခြင်း မရှိလျှင် Chu Qingge မှာ ရုတ်တရက် အနေခက်သော အခြေအနေသို့ ရောက်သွားတော့သည်။ သူမက Mu Liuyue မှာ သူမအား နောက်ပြန်ဆုတ်ရန် အခွင့်အရေးပေးလာချိန်တွင် ပြေပြစ်တွင် ပြန်ဆုတ်ရန်ပင် အဖြေအား ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။

အပြုံးဖြင့် Mu Liuyue မှ ပြောလိုက်သည်။ “အဲ့တာက မေးစရာလိုသေးလို့လား။ သတို့သမီးပို့ဆောင်တဲ့အဖွဲ့က မြို့လမ်းတွေက လာတော့ သူမမှာ ခန်းဝင်ပစ္စည်းမရှိဘူးဆိုတာ လူတိုင်း မြင်ရတာပဲ။”

Mu Liuyue မှာ ဤနေ့အား အချိန်ကြာမြင့်စွာ စောင့်နေခဲ့သည်။ ဤတစ်ကြိမ်တွင် သူမက အစွမ်းကုန် ကြိုးစားမည်။ အရှေ့နန်းဆောင်မှ သူမ၏ နေ့ရက်များမှာ မယုံကြည်နိုင်အောင် သည်းမခံနိုင်စရာပင်။ အိမ်ရှေ့စံကြင်ယာတော်ဆိုတဲ့ အဆင့်အတန်းက အပြင်ပန်းပဲ ကြီးကျယ်ပြီး ခမ်းနားတယ်။ သူမက နန်းတော်ထဲမှာ စမ်းသပ်မှုတွေနဲ့ ဒုက္ခတွေကို ရင်ဆိုင်ရမယ်ဆိုတာလည်း သိတယ်။ တစ်နေ့မှာ အိမ်ရှေ့စံက နန်းတက်ပြီး သူမရဲ့နောက်ကွယ်က မျိုးနွယ်အင်အားကြောင့် ဧကရီဖြစ်လာနိုင်တောင် ဘာဖြစ်လဲ။ သူမရဲ့ နေ့ရက်တွေက ဆိုးရွားနေဦးမှာပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now