အခန်း(၄၃၆)

1.3K 132 16
                                        

အခန်း(၄၃၆)

ညီအစ်ကိုနဲ့ သခင်ကြီး။







ထမင်းရဲ့ အနံ့။

Jun Yixie မှာ ထိုရနံ့အား ရလိုက်သည်နှင့် အားပြည့်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူက တောအုပ်အတွင်းပိုင်းရှိ အနံ့လာရာသို့ ဦးတည်သွားလိုက်သည်။ မြေပြင်ပေါ်တွင် အနက်ဝတ်နှင့် လူတစ်ယောက်မှာ ချက်ပြုတ်နေသည်။ ထိုသူ၏ ကိုယ်ပေါ်တွင် အိတ်အများအပြား ရှိနေသဖြင့် မလာခင် ပြင်ဆင်လာဟန်တူသည်။ သူက အိုးတစ်အိုးစီဖြင့် မီးပုံနှစ်ခုဖိုထားပြီး တစ်အိုးတွင် ရေနွေးများ ဆူနေကာ နောက်တစ်အိုးတွင် ထမင်းချက်နေသည်။ ထိုနှင်းဖြူရောင် လုံးဝန်းသော အစေ့အဆံများမှာ ခံတွင်းတွေ့စေမည့် မြင်ကွင်းဖြစ်သည်။ အိုးပေါ်မှာ ရေနွေးငွေ့ တထောင်းထောင်းထနေကာ Jun Yixie အား တံတွေးမြိုကျစေသည်။

သုံးလ... ထမင်းတစ်စေ့တောင် မပါတဲ့ သုံးလ…။

သူက အစားတစ်နပ်အား မည်မျှ အလိုရှိသည်ဖြစ်စေ ဝေစုရရန် မည်သည့်အတွက်ကြောင့် ဦးညွှတ်ကာ တောင်းဆိုနိုင်မည်နည်း။ သူ၏ စိတ်ဆင်းရဲမှုများကြားမှ Jun Yixie မှာ အကြိမ်အနည်းငယ် တံတွေးမြိုချပြီးနောက် ကိုယ်ကိုကိုယ်ထိန်းချုပ်လိုက်သည်။

ထို့နောက် သူက လမ်းလျှောက်သွားကာ နှုတ်ဆက်လိုက်သည်။ “ဒီက ညီငယ်က အတော်လေး အဆင်ပြေနေပုံပဲ။”

Gu Qishao မှာ သူ့အား လေ့လာပြီးနောက် ရယ်မောလိုက်သည်။ “မင်းက မြောက်ပိုင်းလီရဲ့ Kang မြို့စား Jun Yixie ပဲ ဖြစ်မယ် ထင်တယ်။"

Jun Yixie မှာ ထိုစကားများကြောင့် စတင်ကာ အနေခက်သွားတော့သည်။ Long Feiye မှ သူ့အား ငါးဖမ်းကျွန်းတွင် ပိတ်ထားရန် ထျန်းနင်ရေတပ်တစ်ခုလုံးအား ရွေ့လျားခဲ့သည့် သတင်းမှာ တိမ်တိုက်ကုန်းမြေကြီးတွင် ပျံ့နှံ့သွားသည်။ လာရောက်ကြသူများမှ သူ့အား သတိပြုမိသည်မှာ မထူးဆန်းပေ။ သို့သော် ရှက်ရွံ့မှုကာ အခိုက်အတန့်တခဏမျှသာ ဖြစ်သည်။ မောက်မာသော Jun Yixie မှာ သူ၏ သရုပ်မှန်အား ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

“အတိအကျကို ဒီအရှင်ပဲ။ ငါက မင်းကို ဘယ်လို ခေါ်သင့်လဲမသိဘူး။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now