အခန်း(၄၁၃)

1.5K 147 24
                                        


အခန်း(၄၁၃)

သူ့ကို ခေါ်လာခိုင်းလိုက်။





ထိုညတွင် သူက တော်ဝင်စာကြည့်ဆောင်၌ Han Yunxi အတွက် ခြေတစ်လှမ်းဆုတ်ပေးခဲ့ဟန်တူသော်လည်း  အမှန်တကယ်တွင် ဧကရာဇ်Taihui အား နောက်တစ်ကြိမ် လှည့်စားခဲ့ဟန်တူပြန်သည်။ Long Feiye မှာ သူမအား ထိုရည်ရွယ်ချက်အတွက် အသုံးချခဲ့ခြင်းအား Han Yunxi မှာ စိတ်ကွက်နေခြင်း မရှိပဲ ရိုးရှင်းစွာဖြင့် သူ၏ ဝမ်းတွင်းမည်း နည်းလမ်းများအား အံ့အားသင့်နေခြင်းသာဖြစ်သည်။ ငါးဖမ်းကျွန်းမှ ပြသနာမှာ တစ်ကြိမ်တည်းနှင့် ဖြေရှင်းပြီးသွားသောကြောင့် သူမကလည်း ပျော်ရွှင်နေသည်။ သို့ဖြစ်၍ သူမက စိတ်လှုပ်ရှားနေသည့် ပုံပေါ်နေခြင်း ဖြစ်သည်။

သို့သော် သူက သက်ပြင်းချလိုက်ခြင်းမှာ သူမအား အဆုံးအထိ အံ့အားသင့်စေသည်။ သူမက သတိလက်လွှတ်ဖြင့် လွှတ်ခနဲ မေးလိုက်တော့သည်။ “ဝမ်ရယ်.. ရှင်…. ဘာပြောလိုက်တာလဲ။" အသေအချာပင် သူမက အပြည့်အစုံ ကြားလိုက်ရသော်လည်း မနေနိုင်ပဲ မေးမြန်းမိပြန်သည်။

ထိုမှသာ Long Feiye မှ သူက ပြောလိုချင်းမရှိသော စကားတစ်ရပ်အား ပြောမိသွားမှန်း သတိပြုမိသွားတော့သည်။ အစောပိုင်းတွင် သူက ဘာဖြစ်သွားခဲ့မှန်းပင် မသိတော့ချေ။  နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြပြီး Han Yunxi မှာ စောင့်နေကာ Long Feiye မှာ တုံ့ဆိုင်းနေသည်။

“ဝမ်ရယ်..” Han Yunxiမှာ စမ်းသပ်ကာ နှိုးဆော်လိုက်သည်။

Long Feiye မှာ သူမထံမှ ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး စားပွဲပေါ်ရှိ ပစ္စည်းများအား စတင်ကာ ရှင်းလင်းလိုက်သည်။

“ဝမ်ရယ် ရှင်အခုပြောလိုက်တာ…” Han Yunxi မှာ ရပ်တန့်လိုက်ပြီးနောက် သူ၏ စားပွဲအား ပတ်သွားလိုက်သည်။

Long Feiye မှာ လျင်မြန်စွာ ပစ္စည်းများ ရှင်းလင်းလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း Han Yunxi မှာ ချက်ချင်းပင် လမ်းပိတ်လိုက်လေသည်။ “ဝမ်ရယ်.. ရှင်အခု ဘာပြောလိုက်တာလဲ။”

“ဘာမှ မပြောဘူး။" Long Feiye မှာ အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ရှင် အရှင်းကြီးကို ပြောလိုက်တယ်လေ။" Han Yunxi မှာ ခေါင်းမော့ကာ ကြည့်လိုက်ပြီး သူမ၏ ချောမောသော မျက်နှာလေးတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now