အခန်း(၄၂၅)

1.5K 123 13
                                        

အခန်း(၄၂၅)

အရှင့်သားချင်ဝမ်မှာလည်း စိတ်ခံစားချက်လေးတွေ ရှိပါတယ်။





Baili Mingxiang မှ ကိုယ်တိုင်ရောက်လာသောကြောင့် Han Yunxi မှာ အိမ်တော်အပြင်ထွက်ရန် ဆင်ခြေတစ်ခု ထပ်၍ ပျောက်ဆုံးသွားတော့သည်။ သူမက ဟန်အိမ်သို့ ခုနစ်ယောက်မြောက်မဒမ်နှင့် Yi’er လေးထံပင် အလည်အပတ်သွားခွင့်မရှိချေ။ ခင်ပွန်းမရှိသော အမျိုးသမီးဖြစ်လင့်ကစား ခုနစ်ယောက်မြောက်မဒမ်မှာ ဟန်မိသားစုအား လက်ထဲတွင် ခိုင်မြဲစွာ ချုပ်ကိုင်ထားသည်။ မြို့တော်ရှိ ဆေးခန်းလေးနေရာအပြင် သူမက အခပေးဆေးပေးခန်းပါ ဖွင့်လှစ်ခဲ့သည်။ ဟန်မျိုးနွယ်အတွက် အရာအားလုံးမှာ ချောမွေ့နေလေသည်။

အသေအချာပင် ၎င်းမှာ အရိပ်ထဲမှ ချင်ဝမ်၏ ကူညီမှုများကြောင့် ဖြစ်သည်။ မဟုတ်လျှင် ကျဆင်းသွားသော အိမ်တစ်အိမ်မှာ မြို့တော်တွင် မည်သို့မျှ လျင်မြန်စွာ ပုံမှန်ပြန်ရောက်လာနိုင်မည် မဟုတ်ပေ။ Han Yunxi မှ သိထားခြင်း မရှိသော ကိစ္စများစွာ ရှိနေလေသည်။

ယခုတွင် သူမက အပြည့်အဝ သက်သာ​နေပြီ ဖြစ်သော်လည်း အိမ်တော်တွင် လတ်လျားလတ်လျား ဖြစ်နေရဆဲပင်။ ဤရက်များတွင် Long Feiye မှာလည်း အပြင်ထွက်ခြင်း သိပ်မရှိပဲ ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ နေ့စဥ် ရောက်လာလေသည်။ မနက်ပိုင်းတွင် သူက လက်ဖက်ရည်သောက်ရန် ရောက်လာပြီး ညနေပိုင်းတွင် သူမက အိပ်နေပြီလား ဆိုသည်အား ကြည့်ရှုရန် ရောက်လာသည်။ သူက တင်းကျပ်မြဲ တင်းကျပ်ဆဲပင်။ သူက ရောက်လာသည်နှင့် Han Yunxi မှာ အိပ်ရာဝင်ရပြီး သူမအား စောင်ခြုံပေးပြီးနောက် ပြန်ထွက်သွားလေသည်။

ယနေ့တွင်မူ လက်ဖက်ရည်သောက်ပြီးနောက် Long Feiye မှာ ထွက်သွားရန် ပြင်လိုက်စဥ် Han Yunxi မှာ ပြန်ခေါ်ထားလေသည်။ “ဝမ်ရယ် စာကြည့်ခန်းကို လိုက်ခဲ့ပါဦး။ ကျွန်မက တစ်ခု ပြစရာရှိတယ်။” သူမက ဦးဆောင်သွားလျှင် သူက စကားမဆိုပဲ လိုက်လာလေသည်။

Su Xiaoyu နှင့် Zhao မားမား တို့မှာ သူတို့က ထွက်သွားသည်နှင့် ချက်ချင်းပင် ရှေ့တိုးကာ လက်ဖက်ရည်ပစ္စည်းများအား ရှင်းလင်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now