အခန်း(၅၉၄)

934 80 8
                                        

အခန်း(၅၉၄)

Gu Beiyue ကို တောင်းနေတယ်။






တစ်စုံတစ်ယောက်မှ သတင်းအား တမင်တကာ ပေါက်ကြားစေခဲ့ခြင်းလား သို့မဟုတ် တပ်ဖွဲ့များ ပြောင်းရွှေ့ခြင်းမှ အလွန်အာရုံစိုက် ခံခဲ့ရခြင်းလား…. မည်သို့ပင်ဖြစ်စေ ချူမျိုးနွယ်မှာ အခြေအနေအား သတိပြုမိနေခဲ့သည်။

ချင်ဝမ်၊ ဧကရာဇ် Kang Cheng နှင့် စစ်သူကြီး Ning တို့မှ မဟာမိတ်ဖွဲ့နေစဉ်တွင် ချူမျိုးနွယ်မှ  နောက်ဆုံး တိုးတက်မှု သတင်းများအား ရရှိခဲ့သည်။ကောလဟာလများမှာ အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ပြီးနောက် စစ်သူကြီးချူမှာ Chu Yunyi ထံသို့ ချက်ချင်းသွားလိုက်သည်။ ယခုအချိန်တွင် Chu Yunyi မှာ ဧကရီ Xue နှင့် Gu Beiyue တို့အား အရှေ့ဘက်ရှိ ထိန်းချုပ်ထားနိုင်သည့် စီရင်စုသုံးခုသို့ ပို့ထားပြီးဖြစ်သော်လည်း သူ၏ ညာဘက်မျက်လုံးမှာ လုံးလုံးလျားလျား အမြင်ကွယ်နေဆဲပင်။ Gu Beiyue ၏ ဒဏ်ရာများမှာ မသက်သာသေးသောကြောင့် Chu Yunyi အား ဆေးကုသမှု ပေးရန်ငြင်းဆိုခဲ့သည်။ သူကိုယ်တိုင်မှာလည်း အခြား နတ်ဆေးသမားတော်အဆင့် သမားတော် ဆယ်ဦးထက်မနည်း ရှာခဲ့ပြီး အားလုံးမှာ သူ၏ မျက်လုံးမှာ ကူညီနိုင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ ရှေ့ဆောင်အကြီးအမှူးအဆင့် ကျွမ်းကျင်သူများနှင့် ဆွေးနွေးရန် ဆေးပညာသင်တန်းကျောင်းသို့ ကိုယ်တိုင် ခရီးထွက်ခဲ့သော်လည်း ၎င်းတို့၏ ရောဂါရှာဖွေတွေ့မှုမှာလည်း တူညီစွာပင် မျှော်လင့်ချက် မရှိဖြစ်နေသည်။

Chu Yunyi  မှာ Gu Beiyue အား ဓားစာခံအဖြစ် ချုပ်နှောင်ထားသည့် လျှို့ဝှက်ခန်းမှ ထွက်ခွာလာစတွင် စစ်သူကြီးချူမှ ရောက်လာလေသည်။ 

“ Gu Beiyue က အဲ့တာ ဘာအဓိပ္ပါယ်လဲ။” စစ်သူကြီးချူမှ မေးမြန်းလိုက်သည်။

“ဘာမှ မဟုတ်ဘူး။ သူ့ရဲ့ ဒဏ်ရာတွေက အပြည့်အဝ သက်သာဖို့ ၁၀ရက်လောက် လိုသေးတယ်။ အဲ့ဒီကျရင် ဒီအဘိုးကြီးရဲ့ မျက်လုံးကို ကုပေးလိမ့်မယ်။” Chu Yunyi  မှာ ရိုးရှင်းစွာ ပြောလိုက်သည်။

စစ်သူကြီးချူ၏ မျက်လုံးများတွင် သံသယများ ဖြတ်သွားတော့သည်။ “သူ့ရဲ့ ဒဏ်ရာတွေက ပြင်းထန်ပေမယ့် သူ့ရဲ့ စွမ်းရည်နဲ့ဆို ပြန်ကောင်းလာဖို့ ဒီလောက် မကြာသင့်ဘူး။” အဆုံးတွင် ချူမျိုးနွယ်မှာ Gu Beiyue  အား စခန်းသို့ ရောက်သည်နှင့် အဖိုးတန်ဆေးဝါးများ အဆုံးမရှိအောင် ပေးခဲ့ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now