အခန်း(၅၁၇)

1.1K 103 13
                                        

အခန်း(၅၁၇)

Su Xiaoyu က ရှာတွေ့သွားတယ်။







ထိုသည်အား ကြားလျှင် Han Yunxi မှာ စိတ်လှုပ်ရှားလာပြီး အနီးရှိ အစေခံများအား ဖယ်ရှားလိုက်သည်။  Baili Mingxiang နှင့် Su Xiaoyu မှာ Mu Linger ၏ ကုသမှုနှင့် ပတ်သက်၍ ရင်ခုန်နေကြဆဲ ဖြစ်သော်လည်း ရောက်ရှိလာသော ဧည့်သည်၏ ရှေ့တွင် ရွေးချယ်စရာမရှိပဲ ထွက်လာကြရသည်။ ခြံဝန်းထဲတွင် သူတို့က Gu Beiyue  အား တွေ့လိုက်ကြရသည်။ မကြာခင် သူတို့က သူ့ထံတွင် ညည်းတွားလာကြတော့သည်။

“သမားတော်ကု.. အရှင့်သားနဲ့ လေးစားရတဲ့ဝမ်ဖေးက ဒီတစ်ကြိမ်မှာ ဘာတွေစဥ်းစားနေတာလဲ။ သူတို့က အလွယ်တကူ အလျော့ပေးလိုက်တယ်။” ရိအာလေးမှာ အားလုံးထဲတွင် အသုန်မှုန်ဆုံး ဖြစ်နေသည်။ သူက နောက်ထပ် ကျွမ်းကျင်သော ဆရာတစ်ယောက်ရရန် Mu Linger မှ သူတို့နှင့် ပူးပေါင်းလာရန် မျှော်လင့်နေခဲ့သည်။

“သမားတော်ကု အဲ့ဒီ ရှဲ့မျိုးနွယ်က လေကြီးလွန်းတယ်။ ပြောပါဦး… လေးစားရတဲ့ဝမ်ဖေးနဲ့ အရှင့်သားက မနက်ဖြန် သူတို့က ဆေးဝါးမြို့တော်သွားတဲ့ လမ်းမှာ သတ်လိုက်လိမ့်မလား။" Su Xiaoyu မှာ အလေးအနက် မေးလိုက်သည်။

“သမားတော်ကု ရှဲ့မျိုးနွယ် အကြီးဆုံးသခင်လေးက မှောင်ခိုဈေးက အရောင်းအဝယ်မှာ ပါဝင်နေတယ်။ သက်သေက ကျွန်မတို့ လက်ထဲမှ ရှိနေသေးတာကို ဘာလို့ လေးစားရတဲ့ဝမ်ဖေးက ခေါင်းဆောင်အကြီးအမှူးရှဲ့ကို ကြောက်နေရမှာလဲ။” Zhaoမားမားမှာ သိချင်နေသည်။

“ကျွန်တော်လည်း နားမလည်ဘူး။ တကယ်လို့ ကျွန်တော်တို့က လုံလောက်အောင် အင်အားရှိလာရင် ဆေးဝါးမြို့တော်လိုမျိုးကို ကြောက်နေစရာ မလိုတော့ဘူး။" Chu Xifeng  မှာ ခေါင်းယမ်းလိုက်ပြီး သူ၏ အမူအရာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

Baili Mingxiang မှ လွဲ၍ လူတိုင်းမှာ အဖြစ်အပျက်အကြောင်း ပြောဆိုနေကြသည်။ သူမက Gu Beiyue ၏ ဘေးတွင် ထိုင်ကာ တိတ်ဆိတ်စွာ ပြုံးနေသည်။ Gu Beiyue မှာ ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုအား နှစ်သက်သော်လည်း ယခုတွင် သူ၏ ပတ်လည်ရှိ ဆူညံသော အာရုံစိုက်မှုများအား ငြင်းဆန်ခြင်း မပြုပေ။ သူက ရောက်လာသည်မှာ မကြာသေးသော်လည်း မည်သည့်ကိစ္စဖြစ်စေ လူတိုင်းမှာ သူနှင့် ဆွေးနွေးတိုင်ပင်ကြလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now