အခန်း(၅၃၁)
ဆေးဝါးစမ်းသပ်နှီးနှော ဖလှယ်ပွဲမှ ပြိုင်ဆိုင်မှု။
Han Yunxi မှာ ရှေ့ထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ Jun Yixie မှာ သက်သေအား တာဝန်ခံရတော့မည်မှန်း Long Feiye မှာ သိနေသည်။ ထို့အပြင် Mu Linger မှာလည်း ဓါးစာခံဖြစ်လာရန် သေချာနေပြီ ဖြစ်သည်။ ကိစ္စတစ်ခုလုံးတွင် တစ်စုံတစ်ယောက်မှ သူနှင့် Han Yunxi ၏ လှုပ်ရှားမှုများအား စောင့်ကြည့်နေကြောင်း ခံစားနေရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း Ouyang Ningnuo မှာ ခေါင်းဆောင်အကြီးအမှူးရှဲ့နှင့် တစ်ညလုံး စကားပြောနေခဲ့သဖြင့် ထိုသူမှာ အဓိက သံသယရှိသူ ဖြစ်လေသည်။
သို့တိုင် ငါးဖမ်းကျွန်းမှ ကိစ္စများပြီးနောက် Ouyang Ningnuo မှာ Jun Yixie ဖြင့် ဆက်ဆံရေးဆိုးရွားသွားခဲ့သည်။ သို့ဖြစ်၍ သူက သန်လုံးကောင်အဆိပ်အား မည်သည့်နေရာမှ ရှာဖွေလာသနည်း။ သူက အဆိပ်တစ်ရာဂိုဏ်းတွင် ရွေးချယ်စရာ အဆိပ်များစွာ ရှိနေသော်လည်း မည်သည့်အတွက်ကြောင့် Han Yunxi ၏ သန်မွေးဖွားခြင်းအဆိပ်နှင့် ဆင်တူသော အဆိပ်အား ရွေးချယ်ခဲ့သနည်း။ အခြားသူမှာ အကျဥ်းခန်းထဲမှ Gu Qishao ၏ လှုပ်ရှားမှုများနှင့် Long Feiye နှင့် Han Yunxi တို့အား စောင့်ကြည့်နေကြောင်း သိသာလှသည်။ သူတို့က အဲ့ဒီအားနည်းတဲ့ပုံစံရှိတဲ့ ကုန်သည်ကို အထင်သေးမိတာလား။
နှစ်ဖက်လုံးက သန်လုံးကောင်အဆိပ် သုံးရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက သူတို့ကို ရန်စချင်နေတာလား။
Ouyang Ningnuo မှာ နောက်ကွယ်မှ ကြိုးကိုင်သူ အမှန် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ဤတစ်ကြိမ် သူတို့၏ ပြိုင်ပွဲမှာ ညီမျှကာ ရင်ထိတ်ရစေသည်။ သို့တိုင် အကြံအစည်များ ပျက်စီးသွားသည်နှင့် ရင်ဆိုင်ရချိန်တွင်ပင် Long Feiye မှာ တည်ငြိမ်နေဆဲဖြစ်သည်။ ဆေးဝါးမြို့တော်မှ ပြိုင်ဆိုင်မှုမှာ စတင်လာစဖြစ်သည်။ သူတို့က လမ်းဆုံးရောက်တဲ့အထိ ဘယ်သူက အနိုင်ရမှာလဲဆိုတာ မသိနိုင်ဘူး။
Long Feiye မှာ Han Yunxi အား စိတ်သက်သာစေရန် ကြည့်လိုက်ပြီး ဆက်နေရန် အချက်ပြလိုက်သည်။ သူမက စင်ပေါ်တွင် မျက်နှာပြစရာ မလိုပေ။ Han Yunxi ၏ အတွေးမှာလည်း Long Feiye နှင့် တူညီလေသည်။ အခုတော့ Mu Linger က နည်းနည်း ဒုက္ခခံရဦးမယ်။ သူမ၏ စိတ်တွင် မကျေမနပ်ဖြစ်မှုများ ပြည့်နေသော်လည်း အခြားသူများမှ သူမအား ဟာသအဖြစ် ပြောင်းလိုက်မည်အား ငြင်းရလိမ့်မည်။ သူမက ပြေပြစ်စွာ ထိုင်ရင်း ပျင်းရိစွာ တုံ့ပြန်လိုက်သည်။ “ခေါင်းဆောင်အကြီးအမှူးရှဲ့ ဒီဝမ်ဖေးက အဆိပ်တစ်ရာဂိုဏ်းက အဆိပ်တွေကို ရှင့်လောက်တောင် မသိပါဘူး။ သေသူက သန်လုံးကောင်အဆိပ်ခတ်ခံရတယ်ဆိုတာ ရှင်က သိနေပေမယ့် ဒီဝမ်ဖေးက မသိသေးဘူး။"

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
أدب تاريخي**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...