အခန်း(၅၄၂)

740 77 15
                                        

အခန်း(၅၄၂)

နောက်တစ်ကြိမ် အဆိပ်မျက်ရည်။






“ Han Yunxi… Long Feiye.. မင်းတို့ ဆက်ပြီး စောင့်ကြည့်နေ။"  Ouyang Ningnuo  မှာ ကောင်းကင်အား အော်ဟစ်လိုက်သော်လည်း စိတ်တွင်း၌ တင်းမာနေဆဲပင်။ သူက အမြဲတစေ ဒေါသအား ထိန်းသိမ်းနိုင်သူဖြစ်ကာ အနိုင် သို့မဟုတ် အရှုံးဖြင့်ပင် ဆင်ခြင်နိုင်စွမ်းရှိသော်လည်း ဤတစ်ကြိမ်တွင် အလွန်ဆိုးရွားစွာ ရှုံးနိမ့်ခဲ့သည်။

သူက အဆိပ်တစ်ရာဂိုဏ်းနှင့် ပတ်သက်မိသည်နှင့် တိမ်တိုက်ကုန်းမြေ အဓိက အသိုင်းအဝိုင်းတွင် ပေါ်ပေါ်ထင်ထင် စီးပွားရေး လုပ်နိုင်တော့မည် မဟုတ်တော့ပေ။ အကျိုးအမြတ်အများဆုံး ဆေးဝါးမှာ သူ၏ လက်ထဲမှ ဖြတ်သန်းခြင်းရပ်တန့်သွားစဥ် အခြားဒုက္ခများမှာ သူ့ထံ တံခါးခေါက်လာသည်။ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု တစ်ခုလုံးမှာ သူ့ကြောင့် ပျက်စီးသွားနိုင်သည်။ သို့သော် သူက ကုန်သွယ်ရေးလုပ်ငန်းစု၏ တစ်ဦးတည်သော ပိုင်ရှင်မဟုတ်ပဲ ထိုဝန်ထုတ်ဝန်ပိုးအား တာဝန်ယူရန် မတတ်နိုင်ပေ။ Ouyang Ningnuo မှာ ရွေးချယ်စရာများအား စဥ်းစားနေစဥ် ကောင်းကင်မှ အနက်ရောင်ဝတ်ထားသော မျက်နှာဖုံးပုဝါဖြင့် အမျိုးသမီးများမှာ ပျံသန်းလာကြသည်။ ထိုသူများမှာ အခြားသူမဟုတ်ပဲ  တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှ ထိပ်တန်းပညာရှင်များ ဖြစ်ကြသည့် အနက်ရောင်မိန်းမပျိုများပင်။

မိန်းမပျိုများ၏ ခေါင်းဆောင်မှာ အတက်အကျ မရှိပဲ လေးစားစွာ ပြောလိုက်သည်။ “သခင်လေး Nuo.. သခင်ကြီးက သခင်မလေး Jing  ကိုလွှတ်လိုက်ပါပြီ။ သခင်လေးက ပြန်လာသင့်ပါပြီ။"

Ouyang  Ningnuo  မှာ မျက်မှောင်ကျူတ်ကာ စကားပြောရန် ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။ အဆုံးတွင် သူက အနက်ဝတ်မိန်းမပျိုများဖြင့် ထွက်သွားလေသည်။

မကြာခင် Han Yunxi  နှင့် ကျန်သူများမှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှ  Ouyang Ningnuo  အား အဖွဲ့အစည်း၏ ယာယီဥက္ကဋ္ဌနေရာမှ ဖယ်ရှားလိုက်ကြောင်း  Wang Gong  ထံမှ ကြားလိုက်ရသည်။ Ouyang Ningjing  ဟုခေါ်သော မိန်းကလေးတစ်ယောက်မှာ သူ၏ နေရာတွင် ဘိုးဘေးကောင်စီအား တောင်းပန်ရန် အစားထိုးလာသည်။ သူမက စီးပွားရေး အပေးအယူ၌ အကျိုးအမြတ်များအား အလျော့ပေးကာ နောက်သုံးနှစ်အတွင်း ဆေးဝါးမြို့တော်အား ၂၀% မျက်နှာသာပေးခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now