အခန်း(၅၆၁)

565 63 6
                                    

အခန်း(၅၆၁)

ချီကလေးရဲ့သန်းခေါင်ယံအိပ်မက်(၄)






သတိလစ်နေသည့် ချီကလေးမှာ သာမန်ဟုထင်ရလျှင် သူတို့က ဘာလုပ်ရမည်နည်း။

ခေါင်းဆောင်အကြီးအမှူးLingမှာ ချီကလေးအား ဆေးပညာ လေ့လာရန် ခေါ်ဆောင်သွားခဲ့သည့် သတင်းအား လူတိုင်းသိနေခဲ့သည်။ ယခု သူက ပျောက်ကွယ်နေသည်မှာ နှစ်နှစ်ကျော်လာပြီး လူတိုင်းမှာ "သီးသန့်နေထိုင်ခြင်း" မှ ချီကလေးမှာ ထွက်လာမည်လားဟု မေးနေကြသည်။ နောက်ဆုံးတွင် ချီကလေး၏အသိပညာမှာ ဆေးပင်အသစ်အဆန်းများအား ဖန်တီးခဲ့သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးဖြစ်ပြီး သင်တန်းကျောင်းတစ်ခုလုံးတွင် လူသိများသောကြောင့် လူအများက သူ၏ သိရှိမှုများအား စိတ်ဝင်စားခဲ့ကြသည်။

သူတို့က ချီကလေးအား သတ်၍ ကပ်ရောဂါအားအပြစ်တင်မည်ဆိုပါက သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့တိုင် သင်တန်းကျောင်း ကျောင်းအုပ်ကု မှာ ထိုရွေးချယ်မှုအား လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ချီကလေး ၏ ခန္ဓာကိုယ်မှာ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ သူတို့၏ဆေးပညာသင်တန်းကျောင်းအား အလုပ်အကျွေး ပြုရန်အတွက် အသုံးချနိုင်ရန် သူ၏စိတ်ထဲတွင် မျှော်လင့်ထားဆဲဖြစ်သည်။ ထို့အပြင် ချီကလေး ၏ဖွဲ့စည်းပုံမှာ မည်သည့်အတွက်ကြောင့်ပြောင်းရမှန်း မသိမချင်း အလွယ်တကူ သတ်ပစ်မည်မဟုတ်ပေ။

သို့သော် ချီကလေးအား ဤကဲ့သို့ အသက်ရှင်လျက် ထိန်းသိမ်းထားခြင်းမှာ ရေရှည်ဖြေရှင်းချက် မဟုတ်ပေ။ ဒီကလေးဟာ တစ်နေ့မှာ တခြားတစ်ယောက်ရဲ့လက်ထဲမှာ အဆုံးသတ်သွားခဲ့တယ်ဆိုပါစို့။ မနေ့ညက သူပြောသမျှကို ကြားပြီး အတိတ်အကြောင်း အမှန်တရားကို သိသွားပြီဆိုပါစို့။ သင်တန်းကျောင်း ကျောင်းအုပ်ကုမှာ သဘောထားကွဲလွဲနေသေးစဥ် ချီကလေး၏ မျက်လုံးများမှာ ရုတ်တရက်ပွင့်လာသည်။
သင်တန်းကျောင်း ကျောင်းအုပ်ကုနှင့် ခေါင်းဆောင်အကြီးအမှူးLing အား စကားမဆိုပဲ စူးစူးစိုက်စိုက် ကြည့်နေကာ သူ၏ အကြည့်များမှာ သန့်ရှင်းဖြူစင်လှသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now