အခန်း(၅၄၉)
အရေးကြီးတဲ့အချိန်.. သူက ကမ်းပါးပေါ်က ခုန်ချတော့မလို့။
အဆိပ်ဂိုဏ်း မြေအောက်နန်းတော်၏ တားမြစ်မြေပြင်တွင် Gu Qishao မှာ နှစ်တစ်သောင်းမြေအဆိပ်အား ရရှိပြီးဖြစ်သည်။ သို့တိုင် သူက ထွက်သွားခါနီးတွင် လိုဏ်ခေါင်းထဲမှ မီးလျှံကြီးမှ ထွက်လာပြီး ကမ်းပါးပေါ်သို့ ပြန်သွားရန် ဖိအားပေးနေသည်။ ၎င်းမှာ သူ၏ လွတ်မြောက်ရန် လမ်းကြောင်းအား ဖြတ်တောက်ချင်နေသည့် လူလုပ်ကိစ္စမှန်း ထင်ရှားနေသည်။ ဤလျှို့ဝှက်လိုဏ်ခေါင်းရှိ မီးလျှံများမှာ ချူမောင်နှမနှင့် Duanmu Baiye အား လောင်ကျွမ်းပြီးနောက် ငြိမ်းသွားခဲ့သည်။ လူတစ်ယောက်၏ အကူအညီမပါပဲ ပြန်လည် တောက်လောင်လာရန် မဖြစ်နိုင်ပေ။ ထိုသို့ဖြစ်လာလျှင်ပင် မီးလျှံများမှာ အခြားတစ်ဖက်ရှိ ထွက်ပေါက်တွင် လောင်ကျွမ်းရမည်ဖြစ်ကာ ကမ်းပါးသို့ ဦးတည်သည့် နေရာတွင် ရှိမနေသင့်ပေ။
နှစ်တစ်သောင်းမြေအဆိပ်မှာ မီးလျှံအား ကြောက်ရွံ့လေသည်။ အပူချိန်မှ အနည်းငယ် မြင့်မားလျှင်ပင် မြေသားထဲမှ အဆိပ်မှာ အားပျော့သွားသည်။ လေးနက်ပြင်းထန်သော အခြေအနေများတွင် အဆိပ်မှာ လုံးလုံးလျားလျားပင် ပျောက်ကွယ်သွားနိုင်သည်။ ထိုသို့ ဖြစ်လာလျှင် ၎င်းအား စိတ်ကူးလိပ်ပြာအိပ်မက်ဖြင့် ပေါင်းစပ်ခြင်းမှာ အသုံးမဝင်တော့ချေ။
တစ်စုံတစ်ယောက်မှာ သူက တားမြစ်မြေပြင်သို့ ဝင်ရောက်ပြီးနောက် အချိန်ကိုက် ဤမီးအား လောင်ကျွမ်းစေခြင်း ဖြစ်ရမည်။ လက်သည်မှာ ဤနေရာအား စောင့်ကြည့်ကာ သူက ရောက်လာမည်အား မျှော်မှန်းထားသည်မှာ ထင်ရှားလှသည်။ ကိုယ်တိုင်တိုက်ခိုက်မည့်အစား မီးအား အသုံးပြု၍ သူ့အား တိုက်ခိုက်ခြင်းမှာ ရည်ရွယ်ချက်မှာ နှစ်မျိုးရှိနိုင်သည်။ တစ်ခုမှာ သူ့အား သတ်ရန်နှင့် နောက်တစ်ခုမှာ နှစ်တစ်သောင်းမြေအဆိပ်အား ဖျက်ဆီးရန်ပင်။ သို့ဖြင့် Gu Qishao မှာ ဆုံးဖြတ်ချက်ချကာ Long Feiye နှင့် Han Yunxi အား အကူအညီတောင်းရန် စာပို့သိမ်းငှက်အား လွှတ်လိုက်ခြင်း ဖြစ်လေသည်။

YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...