အခန်း(၅၇၇)

526 55 19
                                    

အခန်း(၅၇၇)

သေချာပေါက် အလျော့မပေးဘူး။





နောက်ထပ် သူတို့က သိလိုက်ရသည်မှာ Long Feiye မှ ဆေးပြားများအား Gu  Qishao ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။ သူက တုံ့ပြန်ရန် အချိန်မရှိတော့ပဲ မြိုချရတော့သည်။ သူက စားပွဲပေါ်မှ ရေခရားအား ယူကာ ပါးစပ်အပြည့်မော့ကာ လည်ချောင်းတွင် နင်နေသည်များအား မြိုချလိုက်ရသည်။

“Long Feiye.. မင်းမေ…”  Gu Qishao  မှာ မူးမေ့သွားနိုင်သော အလှပိုင်ရှင်ဖြစ်သည့်တိုင် ဆဲဆိုနေချိန်တွင် အတော်လေး ယောကျာ်းပီသလေသည်။ သို့တိုင် လူများမှ သူ့အား အနှောင့်အယှက် မဖြစ်နိုင်ပေ။
Long Feiye မှာ ရိုးရှင်းစွာဖြင့် စကားမဆိုတော့ပဲ လက်ဖက်ရည်ခွက်အား ကောက်ကာ သတိထားနေလေသည်။  Han Yunxi မှာ မျက်လုံးများလှိမ့်ကာ ရန်ပွဲမှာ တိတ်တဆိတ် ထွက်လာတော့သည်။ ထို့နှစ်ယောက်မှာ အမှန်တကယ် အတူတကွ အလုပ်လုပ်နေကြောင်း သူမက မယုံနိုင်သေးပေ.. မဟုတ်သေးပေ.. ထိုနှစ်ယောက်မှာ ပူးပေါင်းထားသည်ဆိုခြင်းအားပင် သူမက မယုံနိုင်သေးပေ။

သူမက အခန်းထဲမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အတွင်း၌ ကွဲကြေသံများ ထွက်ပေါ်လာတော့သည်။ ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်နဲ့ အချိန်ဖြုန်းတာထက် တိတ်တိတ်ဆိတ်ဆိတ် ကျင့်ကြံဖို့ နေရာရှာတာက ပိုကောင်းမယ်ထင်တယ်။ အဆိပ်သိုမှု နေရာလွတ်အား ပျိုးထောင်ရန်လမ်းညွှန်အား ရရှိခဲ့ပြီးကတည်းက သူမက ထိုအကြောင်းအရာများအား ကျွမ်းကျင်နိုင်ရန် သီးသန့်လုပ်ဆောင်ခဲ့သည်။
 
တစ်ခါတစ်ရံ တစ်ညလုံး မအိပ်ပဲ မိုးလင်းသည်အထိ လေ့ကျင့်နေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမက အလွန်အမင်း အားထုတ်ရခြင်း သို့မဟုတ် ကိုယ်ကာယဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု မလိုအပ်သော စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုအား လေ့ကျင့်နေရ ခြင်းဖြစ်သည်။ ယခုအချိန်တွင် သူမက အဆိပ်အတောက်များဖြစ်ကြသော နှစ်တစ်သောင်းရေအဆိပ်၊ စိတ်ကူးလိပ်ပြာအိပ်မက် သို့မဟုတ် အသေးလေးတို့အား နေရာလွတ်ထဲသို့ ယူဆောင်ရန် အားထုတ်ရန် မလိုအပ်တော့ပေ။ သို့သော် ၎င်းတို့အား အထုတ်အသွင်းပြုလုပ်နိုင်ရန် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုအား ပိုမိုလုပ်ဆောင်ခဲ့ရသည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now