အခန်း(၄၀၅)
သူမ၏ လှပသော မျက်နှာမှ တောက်ပသော အမျက်။
Han Yunxi ၏ ပိန်ပါးသွယ်လျသော ပုံရိပ်မှာ နှင်းတောထဲ၌ ရပ်နေသည်နှင့် ဆန့်ကျင်စွာ သူမအား ကြည့်နေသူတိုင်း၏ နှလုံးသားအား လှုပ်ရှားသွားစေသည်။ သူမ၏ လက်မောင်းပေါ်ရှိ အပျိုစင်မှတ်မှာ အဖြူရောင်ကမ္ဘာကြီးတွင် တစ်ခုတည်းသော အနီစက်လေး ဖြစ်နေကာ တုန်လှုပ်ကာ မမေ့နိုင်သော မြင်ကွင်းဖြစ်လေသည်။ ၎င်းမှာ Long Feiye ၏ နက်မှောင်သောမျက်ဆံများထံ ရောက်ရှိသွားပြီး သွေးရောင်နီမြန်းသွားစေကာ အေးစက်သော မျက်လုံးများမှာ နီရဲနေသည်။ လူတိုင်းမှာ Han Yunxi ထံတွင် အာရုံစိုက်နေကြစဥ် Long Feiye ၏ လက်မှ သူ၏ ဓါးသို့ ရွေ့လျားသွားကြောင်း မည်သူမှ သတိမထားမိပေ။
Jun Yixie မှာ မြင်ကွင်းကြောင့် အေးခဲနေသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူက Han Yunxi အား မှင်သက်နေပြီး သူမ၏ အပြစ်ကင်းမှုအား သက်သေပြရန် နည်းလမ်းများထဲမှ ၎င်းအား အသုံးပြုလိုက်ခြင်းအား အံ့အားသင့်နေသည်။
သူမက Long Feiye ကို လက်ထပ်ထားတာ တစ်နှစ်ကျော်ပြီ မဟုတ်ဘူးလား။ ဒါပေမယ့် တကယ်တော့….
ဒါဆို သူမနဲ့ Long Feiye ရဲ့ ဆက်ဆံရေးက ဘာလဲ။ သူမက သူ့ရဲ့ လူတွေထဲက တစ်ယောက်မဟုတ်ဘူးလား။ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်…. ငါက ဒီအလောင်းအစားမှာ အမှားလုပ်မိတာလား။
Han Yunxi အား ဝိုင်းရံနေသည့် မျက်လုံးများမှာ ထိတ်လန့်မှုများ၊ သရော်မှုများ၊ ဂရုဏာနှင့် သနားမှုများ ပြည့်နှက်နေသော်လည်း သူမက ၎င်းတို့အားလုံးအား တည်ငြိမ်စွာ မထူးခြားဟန်ဖြင့် ရင်ဆိုင်လိုက်သည်။ သူတို့က ကြည့်နေစဥ် သူမ၏ အင်္ကျီလက်အား သက်သက်သာသာ ဖြင့် ပြန်ချလိုက်ကာ ဝတ်ရုံပြန်ဝတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ မြင့်မြတ်ကာ တင့်တယ်လှသည်။
“Jun Yixie ရှင့်ရဲ့အဆိပ်အတွက် ဖြေဆေးတစ်ပုလင်းပဲ ရှိတယ်။ ဒါပေမယ့် ကျွန်မက လွှင့်ပစ်ခဲ့တာ ကြာလှပြီ။ ဒါပေမယ့် အဆိပ်ကို ကုသဖို့ နည်းလမ်းတစ်ခုရှိသေးတယ်။ နားထောင်ချင်လား။" Han Yunxi မှာ အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
