အခန်း(၅၇၁)

884 91 11
                                        

အခန်း(၅၇၁)

အလွန်အမင်း ကြိုးစားခြင်း။ အလွန်အမင်း လုပ်ဆောင်ခြင်း။





အဆုံးတွင် Long Feiye မှာ Han  Yunxi အား ဆွဲခေါ်ကာ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပြီး တစ်ဘဝလုံးတွင် သူက ခံစားဖူးသမျှထဲ၌ အပြင်းထန်ဆုံးသော ဆန္ဒလှိုင်းတံပိုးများစွာအား ငြိမ်သက်သွားစေလိုက်သည်။ တစ်ဖက်တွင်မူ သူမက ရုတ်တရက် အနေခက်လာကာ သူ့မအား သဘောရှိ  ပွေ့ဖက်ခွင့် ပေးထားလိုက်တော့သည်။  သူမ နှလုံးသားမှာ တုန်ရင်နေသေးသော်လည်း အာရုံစိုက်ခံရခြင်းအား နှစ်သက်ကာ နောက်ထပ်ပို၍မျှော်လင့်ချက်မိပြန်သည်။ အမှန်ပင် သူမက မြင်းလှည်းပေါ်၌ရှိနေဆဲဆိုသည်အား မေ့သွားသည်အထိ မရူးမိုက်သေးပေ။

အချိန်အတော်ကြာပြီးနောက် Long Feiye မှာ တည်ငြိမ်သွားသည်အား သူမက ခံစားလိုက်ရတာကာ သူ့အား ခိုးကြည့်လိုက်လျှင် သူက သူမအား တစ်ချိန်လုံး စိုက်ကြည့်နေသည်အား  တွေ့လိုက်ရသည်။ သူမက ကောင်းကင်ယံတောင် နှင့်ပတ်သက်သည့် အခြားမေးခွန်းများအား ခေါင်းနောက်ဘက်သို့ ကြာမြင့်စွာကပင် တွန်းပို့ခဲ့လိုက်သည်။ သူ၏ အေးစက်သော မျက်ဆံများနှင့် တိတ်ဆိတ်နေသော မျက်နှာအား မြင်လျှင် သူမက မျက်နှာအား သူ၏ ရင်ဘတ်တွင် ချက်ချင်း ပြန်၍ နစ်မြှုပ်လိုက်တော့သည်။ 

ငါတို့က ခြေလှမ်း ၁၀၀ကို အခုပဲ ပြီးသွားသင့်ပြီ မဟုတ်လား ။ ဘယ်သူက ပိုရှည်တဲ့လမ်းကို လျှောက်ရမှန်းတောင် မသိတော့ဘူး။ 

ပြန်လှည့်၍ မရသောလမ်းရှိနေသည်ဟု ဆိုရိုးစကားရှိသည်။ ထိုလမ်းအား စလျှောက်လိုက်သည်နှင့် နောက်တွင် ကျန်ခဲ့သော ခြေတစ်လှမ်းမှာ ပျောက်သွားလိမ့်မည်။ နောက်ပြန်ဆုတ်ရန် နေရာမရှိသကဲ့သို့ နောက်ပြန်လှည့်ရန် လမ်းမရှိပေ။ ကျွန်မတို့ကြားက ခြေလှမ်း ၁၀၀ က ဒီလိုပဲ။ ပြီးတာက ပြီးသွားပြီ။နောက်ပြန်လှည့်လို့ မရတော့ဘူး။ ကျွန်မတို့ခြေလှမ်းတွေကို နောက်ပြန်မဆုတ်ရပါစေနဲ့။

အနည်းဆုံးတော့ ၎င်းမှာ သူမအတွက် အကြွင်းမဲ့ပင်။

အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်ဆုံးတွင် Han  Yunxi မှာ ရေရွတ်လိုက်သည်။  “Long Feiye..”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now