အခန်း(၅၈၅)
ကာကွယ်သူတို့၏ သမိုင်းကြောင်း။
Long Feiye ၏ ရုတ်တရက် စဉ်းစားပေးမှုကြောင့် Tang Li နှင့် Gu Qishao တို့မှာ မေးစေ့သပ်ကာ အတွေးများသွားတော့သည်။ ထိုစဉ် Chu Xifeng မှာ ပို၍ အကွက်မြင်ကာ အရိပ်မျိုးနွယ်ဖြင့် ပတ်သက်နေကြောင်း ခံစားမိနေသည်။ ထင်မှတ်ထားသည့်အတိုင်းပင် Long Feiye မှာ Han Yunxi အား အနားယူရန် နေရာချပေးပြီးနောက် လက်အောက်ငယ်သားများ ရှေ့ပေါ်လာသည်။
“နေရာမှာ နန်းတွင်းသူနဲ့ မိန်းမစိုးတွေ အများကြီးရှိတယ်။ တစ်ယောက်ယောက် ရှာပြီး ဘာဖြစ်သွားတာလဲဆိုတာ စုံစမ်းလိုက်။" Long Feiye မှာ ရေရွတ်လိုက်သည်။
"အရိပ်မျိုးနွယ်…." Chu Xifeng မှာ ယောင်ဝါးဝါး ဖြစ်နေသည်။ Long Feiye မှာ အဖြေမပေးလျှင် သူက ထွက်သွားရန် ပြင်လိုက်လျှင် သခင်ဖြစ်သူမှ ရုတ်တရက် ပြန်ခေါ်လိုက်သည်။
"တိမ်တိုက်နယ်ပယ် ကုန်သွယ်ရေးလုပ်ငန်းစုက ကိစ္စတွေနဲ့ ပတ်သက်ပြီးတိုးတက်တာရှိလား။"
Long Feiye မှာ လုပ်ငန်းစုအား မျက်စိကျနေသည်မှာ ကြာပြီ ဖြစ်သည်။ Chu Yunyi ၏ ဒီမျိုးနွယ်အကြောင်း အရိပ်အမြွက်များ ကျေးဇူးဖြင့် သူက ယခုအခါတွင် အနောက် ကျိုး - ထျန်းနင် နယ်စပ်ရှိ ကုန်သွယ်ရေးလုပ်ငန်းစု၏ လှုပ်ရှားများအား ယခင်ကထက် ပိုမိုအာရုံစိုက်လာနေသည်။ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှာ ဒီမျိုးနွယ် ဖြစ်ကြောင်း သူက ၁၀၀ ရာခိုင်နှုန်း သက်သေမရှိသေးသော်လည်း ချူမျိုးနွယ်ထက် သူက သူတို့အားအရင် ရှာဖွေရမည်။ နိုင်ငံရေး သို့မဟုတ် စစ်ရေး အင်အားတစ်ခုမှ ထိုကဲ့သို့ ကြွယ်ဝသော လုပ်ငန်းစုကြီးနှင့် လက်တွဲလိုက်လျှင် သူတို့၏ အင်အားမှာ ပြောမပြနိုင်လောင်အောင် အမြင့်ဆုံးအထိ ကြီးထွားလာလိမ့်မည်။
“ဒီလက်အောက်ငယ်သားက အခြေအနေကို စောင့်ကြည့်နေပါတယ်။ လက်ရှိမှာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုရဲ့ စွမ်းအင်အားလုံးက ဆေးဝါးမြို့တော် ကို အာရုံစိုက်နေပါတယ်။ နယ်စပ်မှာ သူတို့ကအများကြီးမလှုပ်ရှားပေမယ့် ဒီလက်အောက်ငယ်သားက ဒီကိစ္စတွေကို ဆက်ပြီးစုံစမ်းနေလိုက်ပါမယ်။” Chu Xifeng မှာ တလေးတစား ပြန်ပြောလိုက်သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
