အခန်း(၅၈၇)
ရွှေရောင် အရောင်အဝါ။ ပညာရှိ ဧကရာဇ်တစ်ပါး ဖွားမြင်ခြင်း။
Chu Yunyi မှာ Gu Beiyue ၏ အကျက်နှေးသောဒဏ်ရာများအား သတိပြုမိသော်လည်း ပြန်လည်သက်သာလာနှုန်းအား အရှိန်မြှင့်ရန် နည်းလမ်းမရှိပေ။သူ၏အဖွဲ့ မှာ အရှေ့ဘက်သို့ ဆက်သွားနေကာ သူက မျက်လုံးကာ အောက်တွင်သာ ဒုက္ခခံနေရသည်။
Long Feiye ၏အဖွဲ့မှာလည်း အရှေ့ဘက်သို့ ဦးတည်နေလေသည်။ Gu Qishao မှာ နန်းတွင်း အာဏာရုန်းကန်မှုများအား စိတ်မဝင်စားပေ။ မူလတွင် နှစ်တစ်သောာင်းသစ်သားအဆိပ်နှင့် ပတ်သက်သော ကိစ္စများ ပြီးဆုံးသည်နှင့် မီးနှင့်သတ္တုအဆိပ်များ၏ သတင်းအချက်အလက်များ စုဆောင်းရန် မျှော်လင့်ကာ ထွက်ခွာရန် စိတ်ကူးနေခဲ့သည်။ ဆေးပညာသင်တန်းကျောင်းအား အနိုင်ယူနိုင်ရန် သူက အဆိပ်ဂိုဏ်းအား ကျယ်ပြန့်စွာ လေ့လာခဲ့ပြီး အဖွဲ့အစည်းနှင့် ပတ်သက်သည့် ဗဟုသုတများအား မှတ်သားခဲ့သည်။ကံမကောင်းစွာဖြင့် သူက နှစ်တစ်သောင်း သတ္တု သို့မဟုတ် မီးအဆိပ် အကြောင်း တစ်ခုတစ်လေမှ မသိရသေးပေ။ မည်သို့ပင်ဖြစ်စေ Gu Qishao မှာ ခေါင်းဆောင်အကြီးအမှူးLing တစ်ယောက် အနောက်လျန်တွင် ရှိနေကြောင်း သိရသည်နှင့် အဖွဲ့တွင် ဆက်ရှိရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ဆေးပညာသင်တန်းကျောင်းအား မဖျက်ဆီးနိုင်သေးသော်လည်း ခေါင်းဆောင်အကြီးအမှူးLing အား ဦးစွာ ဖျက်စီးပေးရန်အတွက် စိတ်မကွက်ပေ။ သူက ထိုသူအား မည်သို့ နှိပ်စက်ရန်ပင် အတိအကျ စိတ်ကူးထားကာ ထိုနေရာသို့ မကြာမီရောက်သွားရန်အထိ မစောင့်နိုင်တော့ပေ။
ထိုအတောအတွင်း Long Feiye မှာ ဗုဒ္ဓတစ်ထောင်ဂူတွင် ပြန်ပေးဆွဲခံရသော ပါးသိုင်းမွှေးဖြင့်လူအား စုံစမ်းနေဆဲဖြစ်သည်။ သို့သော် Chu Xifeng မှာ မည်သည့်အချက်အလက်အသစ်ကိုမျှ မဖော်ထုတ်နိုင်ခဲ့ပေ။
"အရှင့်သား ကျွန်တော်တို့လူတွေနဲ့ Chu Yunyi ရဲ့ လူတွေအပြင် အဲ့ဒီနေ့က ဗုဒ္ဓတစ်ထောင်ဂူမှ ရှိနေခဲ့တဲ့သူတိုင်း… နှုတ်ပိတ်ခံထားရတယ်။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်တစ်လေတောင် မကျန်တော့ပါဘူး။” Chu Xifeng မှာ ပြောလိုက်သည်။ “ဘုန်းတော်ကြီးတွေတောင် အသတ်ခံထားရပါတယ်။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Исторические романы**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
