အခန်း(၅၈၀)

857 81 16
                                        

အခန်း(၅၈၀)

ထိတ်လန့်တကြား။ အစစ်အမှန်လား ဟန်ဆောင်နေခြင်းလား။






"တစ်ယောက်ယောက်လာ….  လူသတ်သမားတွေရှိနေတယ်။” ဧကရီ Xue  မှ အော်ဟစ်လိုက်သည်။အခင်းဖြစ်ပွားရာနေရာမှာ ပရမ်းပတာဖြစ်လာသည်နှင့်အမျှ ဘုန်းတော်ကြီးများနှင့် အစေခံအစစ်များအားလုံး၏ ဆက်တိုက်ဆိုသလို အထိတ်တလန့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အဲဒါ ထျန်းနင် ရဲ့ ချင်ဝမ်ပဲ။ သူက အနှစ်တစ်ထောင် ဂင်းကိုပင်ကို ဖျက်ဆီးပစ်ချင်နေတာ။”

"ဘုရားရေ .. ထျန်းနင်ချင်ဝမ်က ဒီနေရာအထိ ရုပ်ဖျက်ပြီး ဝင်လာတယ်။"

“ထျန်းနင်ချင်ဝမ်က လုပ်ကြံသူတွေနဲ့ ပူးပေါင်းနေတယ်။ အစောင့်တွေ.. မြန်​မြန်​ နန်းစောင့်​​တွေကို ​ခေါ်လိုက်​။"

Chu Yunyi မှာ ဧကရီXue အား မားမားအိုကြီး၏ လက်ထဲမှ  ဆွဲထုတ်ကာ  ခြိမ်းခြောက်လိုက်သည်။ "မင်းတို့ထဲက တစ်ယောက်မှ မလှုပ်နဲ့.. မဟုတ်ရင် ငါက ဧကရီကို သတ်ပစ်မယ်။"

ဧကရီXue မှာ သတိလစ်မတတ် အလွန်ထိတ်လန့်သွားကာ မအော်ဝံ့တော့ပေ။ Chu Yunyi ၏ ရန်လိုလွန်းသော အငွေ့အသက်ကြောင့် ကျန်လူအုပ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် သူမက ထိုသို့ဖြစ်လာမည်အား မတွေးထင်ခဲ့မိပေ။ ထိုမှသာ သူတို့က အစောင့်အကြပ်အသွင်ဖြင့် ရုပ်ဖျက်ထားသော Chu Yunyi အား သတိပြုမိလာသည်။ ခဏအကြာတွင် တစ်စုံတစ်ယောက်မှ သူ၏ မျက်နှာအား မှတ်မိသွားတော့သည်။

"ဒါက ချူမျိုးနွယ်ရဲ့  အကြီးအကဲဟောင်းပဲ။"

"ဘာ… ဘုရားရေ...  အဲဒါ စစ်သူကြီးချူရဲ့ အစ်ကို အကြီးဆုံးသခင်လေးချူရဲ့ဦးကြီးပဲ။ ငါက သူ့ကို နန်းတော်မှာ တစ်ခါတွေ့ဖူးတယ်။ သေချာတာတယ် သူပဲ။"

"အဲဒါ စစ်သူကြီးချူရဲ့အစ်ကို။ ချူမျိုးနွယ်က ချင်ဝမ်နဲ့ မဟာမိတ်ဖွဲ့ထားတယ်။ သူတို့က ပုန်ကန်ဖို့ ကြံစည်နေကြတာ။”

လူတိုင်းမှ စတင်ကာအော်လာကြစဉ် Chu Yunyi မှ အေးစက်ကြည့်လိုက်လျှင် အားလုံးမှာ ပါးစပ်ပိတ်သွားတော့သည်။ ထိုအချိန်တွင် သူက တွန်းထုတ်ခဲ့သော ပါးသိုင်းမွှေးအစောင့်မှာ မုတ်ဆိတ်မွေးအပြည့် တပ်ဆင်ထားဆဲဖြစ်သည်။ Chu Yunyi မှ သူ့အား ချင်ဝမ်ဟုသာ ခေါ်ဆိုခြင်း မပြုခဲ့လျှင် ယခု မည်သူမှ သူ့အား မှတ်မိမည် မဟုတ်ပေ။ သို့တိုင် သူက မီးမောင်းထိုးပြခံရသည့်တိုင်အောင် လှုပ်လှုပ်ရှားရှားမလုပ်သေးပေ။ သူ၏ ဘေးတွင်မူ Chu Yunyi ၏ဘေးတွင် ရပ်နေခဲ့သော နန်းတွင်းသူမှ ရပ်နေလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now