အခန်း(၄၅၂)

782 114 26
                                    

အခန်း(၄၅၂)

အရမ်း  သက်တောင့်သက်သာရှိတယ်။







ညဥ့်နက်နေပြီဖြစ်သော်လည်း ဆိတ်ငြိမ်တိမ်တိုက်ဆောင်မှာ မီးလင်းနေဆဲဖြစ်သည်။  Han Yunxi မှာ ဒုက္ခတွေ့နေခြင်းပင်။ Su Xiaoyu မှာ ရက်အနည်းငယ် စိတ်ဓါတ်ရေးရာ ထိုးနှက်ခံရပြီးနောက် အလွယ်တကူ ဝန်ခံလာရန် သူမက မျှော်လင့်ခဲ့သည်။ သို့တိုင် ထိုမိန်းကလေးမှာ အလွန်အမင်း ခေါင်းမာလှသည်။ သူမက အချိန်ကြာမြင့်စွာ အစာအငတ်ခံထားလျှင်တောင်မှ စကားတစ်ခွန်းပြောရန် ငြင်းဆိုနေသည်။ အကယ်၍ အခြေအနေမှာ ဤသို့ ဆက်ဖြစ်နေလျှင် Su Xiaoyu မှာ အစာပြတ်လတ်ကာ သေဆုံးသွားနိုင်သည်။ ထိုစဥ် အစောင့်များမှာလည်း သဲလွန်စအသစ် ရှာမတွေ့နိုင်သေးပေ။ ထိုမိန်းကလေးမှ သေဆုံးသွားသည်နှင့် သူတို့၏ သဲလွန်စမှာလည်း ပျောက်ဆုံးသွားတော့မည်။

လက်ရှိတွင် Han Yunxi မှာ dudou  [T/N  :: တရုတ်ရိုးရာဘော်လီ] ဟု သော အောက်ခံအတွင်းဝတ် အင်္ကျီနှင့်သာ ကုတင်ပေါ်တွင် လှဲနေရင်း ပြေပြစ်လှပသော ပုခုံးသားများအား လှစ်ဟာပြထားသည်။ Baili Mingxiang မှာ သူမအား ဆေးလိမ်းပေးနေပြီး နှစ်ယောက်မှာ  Su Xiaoyu အကြောင်း ပြောနေကြသည်။ လက်ရှိတွင် နေ့ရက်များမှာ ချွေးထွက်နိုင်သည်အထိ ပူအိုက်နေသည်။ Han Yunxi မှာ ငြိမ်ငြိမ် ထိုင်နေတတ်သူမဟုတ်သောကြောင့် သူမ၏ ဒဏ်ရာများမှာ အရှင်း မပျောက်ကင်းသေးပေ။

“ငါမြင်ရသလောက် အဲ့ဒီကောင်မလေးက အဲ့ဒီလိုပြုမူပြီး ငါတို့ကို ခြိမ်းခြောက်နေတာပဲ။ ငါတို့က သူမကို တကယ်မသတ်ဘူးလို ခန့်မှန်းထားတာပဲ ဖြစ်လိမ့်မယ်။" Han Yunxi မှာ မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

“လေးစားရတဲ့ဝမ်ဖေး.. ဝမ်ဖေးက သေတာထက်ဆိုးတဲ့ နည်းလမ်းတွေ သိတယ်မဟုတ်ဘူးလား။” Baili Mingxiang မှာ မှတ်ချက်ပေးလိုက်သည်။

Han Yunxi မှာ ၎င်းအား စဥ်းစားလိုက်ပြီးနောက် အဖြေပေးလိုက်သည်။ “ငါတို့က သူမကို တစ်ရက်ထပ်ပြီး အစာအငတ်ထားလိုက်မယ်။ တကယ်လို့ အဲ့တာက အလုပ်မဖြစ်ရင် အောက်ပြန်ချပြီး ကိုယ်တိုင် စစ်မေးရမှာပဲ။”

Baili Mingxiang မှာ ဒဏ်ရာအား စည်းနှောင်ထားသော ပတ်တီးများအား ဖယ်ရှားက  Han Yunxi မှ ပေးထားသည့် ဆေးဖြင့် လိမ်းရန် ဝါဂွမ်းတံလေးအား ယူလာလိုက်သည်။ သူမ၏ အပူလောင်ဒဏ်ရာများအား ဆန့်ကျင်ကာ အေးမြသော ခံစားမှုမှာ Han Yunxi အား ရှည်လျားစွာ အသက်ရှူထုတ်လိုက်စေသည်။ “အို့.. အဲ့တာက အတော်လေး သက်တောင့်သက်သာ ရှိတယ်။ လိမ်းဖို့ အားနည်းနည်းပို သုံး.. ငါ့ကို နာမှာ စိုးရိမ်နဲ့။”

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now