အခန်း(၅၆၂)
ကျောက်ပြားပေါ်မှ စာသားများ။
ချီကလေးမှာ စက္ကန့်ပိုင်းမျှ မတွန့်ဆုတ်ဝံ့ပဲ ဆေးသင်တန်းကျောင်းတံခါးမှ ထွက်သွားသည်နှင့် မရပ်မနား ပြေးသွားခဲ့သည်။ သူက အဝေးသွားရန်မှလွဲ၍ ဘယ်ကိုသွားမှန်းလည်းမသိပေ။ တောထဲသို့ ရောက်သည်နှင့် တစ်ကြိမ်သာ ရပ်ကာ အနားယူဝံ့သည်။ သို့တိုင် သူက မထိုင်ရသေးခင် မောပန်းနွမ်းနယ်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
တိတ်ဆိတ်မှုမှာ ဘက်ပေါင်းစုံမှာ သူ့အား ဝိုင်းရံထားသည်။ သူ၏ အသက်ရှုသံနှင့် အင်းဆက်ပိုးကောင်များ၏ ထူးထူးခြားခြား အော်သံမှတစ်ပါး အခြားမရှိပေ။ ချီကလေးမှာ ကမ်းပါးစွန်းသို့ ရောက်နေသဖြင့် ဘာမှန်းမသိသော အသံမှာပင် သူ့အား အလိုအလျောက် အသက်ရှုကြပ်သွားစေသည်။ သူက အသံလာရာ အရင်းအမြစ်သို့ လိုက်ကြည့်လိုက်လျှင် အနီးနားရှိ မြက်ခင်းပြင်၌ ဝပ်တွားနေသော အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးမှာ သူ့အား ပြုံးပြနေသည်အား တွေ့လိုက်ရသည်။
ချီကလေးမှာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုလူမှာ သူ့အား အမြန်ဖမ်းဆွဲထားသည်။ "ချီကလေး... ငါက ဦးလေး Luo လေ.. မေ့သွားပြီလား။"
ထိုအမျိုးသားမှာ Luo Zuishan မှလွဲ၍ အခြားသူမဟုတ်ပေ။
ချီကလေးမှာ သူ့အား လုံးဝ မမှတ်မိချေ။ သူက မလွတ်မြောက်နိုင်တော့လျှင် Luo Zuishan ၏ လက်ကောက်ဝတ်အား ပြင်းပြင်းထန်ထန် ကိုက်လိုက်လျှင် အမျိုးသားမှာ နှလုံးတွင် တုန်လှုပ်သွားသည်အထိ နာကျင်သွားတော့သည်။ သို့တိုင် ယခုတွင် ၎င်းအတွက် အချိန်မရှိပေ။
"ချီကလေး.. မြန်မြန် ငါနဲ့လိုက်ခဲ့။ ခေါင်းဆောင် အကြီးအမှူးက မင်းကိုဖမ်းပြီး ပြန်ခေါ်လာဖို့ လူတွေ လွှတ်လိုက်တယ်။”
"မင်းငါ့ကိုတကယ်မေ့နေသွားလား ချီကလေး ငါက ဦးလေး Luo လေ… လွန်ခဲ့တဲ့သုံးနှစ်က မင်း ငါ့မိန်းမရဲ့အသက်ကို ကယ်တင်နိုင်မယ့် ဆေးပြားတစ်ပြားပေးခဲ့တယ်။"
ချီကလေးမှာ နောက်ဆုံးတွင် သူ၏ စကားမှ တစ်စုံတစ်ရာအား သတိရသွားပြီး မှတ်ဉာဏ်များမှတစ်ဆင့် စဥ်းစား လိုက်သည်။ ထိုအချိန်က Luo Zuishan မှာ ဆေးတောင်းဆိုရန် ခေါင်းဆောင်အကြီးအမှူး Ling ၏ ခြံဝန်းသို့ ရောက်ရှိလာခဲ့သည်။ခေါင်းဆောင်အကြီးအမှူး Ling မှာ သူ့အား ဆေးဝါးမြို့တော်၏ ဘိုးဘေးကောင်စီသို့ ဆေးတောင်းရန် ဆေးညွှန်းတစ်စောင်ရေးခဲ့ပေးသည်။ သို့သော် Luo Zuishan မှာ ဆေးပစ္စည်းများအတွက် ကောင်စီအား တောင်းရမ်းပိုင်ခွင့်ရရန် အရေးကြီးလှသူ မဟုတ်သေးပေ။ သူက ခေါင်းဆောင်အကြီးအမှူး Ling အား ကိုယ်စား ရှေ့ထွက်ပေးရန် ဒူးထောက်ကာ အဆုံးသတ်သွားသော်လည်း အဆင်မပြေလှသဖြင့် ငြင်းဆန်ခံလိုက်ရသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
