အခန်း(၄၁၅)

1.5K 126 16
                                        

အခန်း(၄၁၅)

စက်ကွင်းအပြင်ရောက်သော Gu Qishao….







Mu Linger မှာ အနီရောင်ကြာပန်းအား ခရီးသွားရာတွင် သယ်ဆောင်ရလွယ်ကူစေရန် အမှုန့်ပြုလုပ်ပြီးနောက် ပုလင်းလေးထဲတွင် ထည့်လိုက်သည်။ သူမက ထိုအပင်အား ရှာဖွေရန် အလွန်ဒုက္ခခံခဲ့ရသော်လည်း Gu Qishao မှာ အနည်းအကျဥ်းပင် ကျေးဇူးတင်သည့် အရိပ်အယောင်မပြပဲ ပုလင်းအား လက်ခံလိုက်လေသည်။ သူက တကယ်ကို အသိတရားမရှိဘူး။

သို့တိုင် Mu Linger မှာ ကျေးဇူးတင်ခံရမည့်အစား ဤသည်အား ပို၍ သဘောကျလေသည်။ အကယ်၍ သူက အမှန်တကယ် ကျေးဇူးတင်လာခဲ့လျှင် သူမက သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရလိမ့်မည်။ ၎င်းမှာ မေတ္တာတရားနှင့် အဆုံးစွန်အထိ အနစ်နာခံပေးလိုသော စိတ်ပင်။

“ချီကိုကို… ဝက်ဝံမြစ်ပဲကျန်တော့တယ်။ အဆိပ်တစ်ရာဂိုဏ်းက သွားခိုးရအောင်။" Mu Linger ၏ ကြီးမား တောက်ပသော မျက်ဝန်းများမှာ နတ်ဆိုးလေးကဲ့သို့ပင်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း သူမက အလုပ်ပင်ပန်းနေခဲ့သောကြောင့် ပိန်သွားသော်လည်း စိတ်အခြေအနေမှာ အလွန် ကောင်းမွန်နေဟန်ရှိသည်။

“ခိုးမယ်… ဒီလူကြီးမင်းက အဲ့ဒီလို အလုပ်မျိုး လုပ်မယ်ထင်လို့လား။” Gu Qishao မှာ မထိမဲ့မြင်ဖြင့် ပြောလိုက်သည်။

“ဟားဟား…ချီကိုကိုက အလုပ်ဖြစ်မယ့် အကြံရှိလို့လား။” Mu Linger ၏ အပြုံးမှာ ပို၍ တိတ်ဆိတ်သွားတော့သည်။

“ဒါပေါ့.. ငါက Jun Yixie ကို သွားရှာမယ်။" Gu Qishao မှာ ပေါ့ပါးစွာ ပြောလိုက်သည်။ မိတ်ဆွေ၏ ရန်သူမှာ ရန်သူဖြစ်ကာ ရန်သူ၏ ရန်သူမှာမူ မိတ်ဆွေဖြစ်လေသည်။ Jun Yixie က Han Yunxi ရဲ့ ရန်သူမလို့ ငါ့ရဲ့ ရန်သူပဲ.. ဒါပေမယ့် Jun Yixie က Long Feiye ရဲ့ရန်သူမလို့ သူ့ရဲ့ မိတ်ဆွေလို့လဲ သတ်မှတ်နိုင်တယ်။ သူက ထိုအမျိုးသားအား မနှစ်မြို့သော်လည်း မိတ်ဆွေအဖြစ်ကော ရန်သူအဖြစ်ပါ သတ်မှတ်ထားလေသည်။ Han Yunxi မှာ သူ၏ အတွေးအား သိသွားလျှင် အထင်သေးသွားမည်လား ဆိုခြင်းအား ကောင်းကင်ကသာ သိနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ Gu Qishao မှာ ဝက်ဝံမြစ်အတွက် Jun Yixie အား ရှာဖွေရန် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now