အခန်း(၅၉၀)

934 80 28
                                        

အခန်း(၅၉၀)

ငါးဆယ်ရာခိုင်နှုန်းနိုင်ချေသာ ရှိသော လောင်းကြေး။






Long Feiye ထံမှ စစ်သူကြီးနင်၏ ရည်ရွယ်ချက်အပေါ်  ယူဆမှာ Han Yunxi အား လုံးလုံးလျားလျား အံ့အားသင့်သွားစေသည်။ သူက ထိုအမျိုးသားအား ဒီမျိုးနွယ်ဖြင့် ဆက်စပ်နေသည်ဟု သံသယရှိနေသည်။

“အဲ့တာ ဘယ်လိုဖြစ်နိုင်မှာလဲ။” Han Yunxi  မှာ မယုံကြည်နိုင် ဖြစ်နေသည်။  အကယ်၍ ၎င်းမှာ အမှန်ဆိုလျှင် ဒီမျိုးနွယ်မှာ အမှန်ပင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည်။ သူက ထျန်းနင်၏ စစ်အင်အား သုံးပုံတစ်ပုံအား ထိန်းချုပ်ထားနိုင်ရုံသာမက ယခုအချိန်အထိ တိုင်းပြည်အား သစ္စာဖောက်ခြင်း မရှိသေးပဲ စိတ်ရှည်သည်းခံကာ နိမ့်ကျစွာနေထိုင် နေခဲ့ကြသည်။ ၎င်းမှာ အသေးစိတ် အကျဆုံး အချက် မဟုတ်သေးပေ။ အကယ်၍ သူ၏ ယူဆချက်မှာ မှန်ကန်နေလျှင် ဒီမျိုးနွယ်၏ အင်အားမှာ ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူပေ။  စစ်သူကြီးနင်မှာ မူလတွင် ထျန်းနင်မြင်းတပ်အားသာ ထိန်းချုပ်ထားခဲ့သော်လည်း ပြည်တွင်းရေး မငြိမ်မသက်မှုပြီးနောက် ဧကရာဇ် Taihui  မှ အနောက်ဘက်သို့ ထွက်ပြေးလာချိန်တွင် သူ၏ သစ္စာရှိမှုမှာ ဧကရာဇ်၏ ယုံကြည်မှု ရရှိခဲ့သည်။ ယခုတွင် သူက နောက်ထပ် ကျားတံဆိပ်အမိန့်ပြားအား ရယူထားနိုင်ပြီ ဖြစ်သည်။ သူ၏ ရာထူးမှာပင် တပ်ဖွဲ့များအားလုံး အမိန့်ပေးနိုင်သော ထျန်းနင် မဟာစစ်သူကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အကယ်၍ စစ်သူကြီးနင်မှာ အမှန်ပင် ဒီမျိုးနွယ်ဆိုလျှင် သူ၏ တပ်အင်အားနှင့် တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု၏ ငွေကြေးထောက်ပံ့မှု ပူးပေါင်းလိုက်လျှင် Long Feiye နှင့် မြောက်ပိုင်းလီအား ယှဥ်ပြိုင်နိုင်သော အင်အားတောင့်တင်းသည့် ပြိုင်ဘက်ဖြစ်လာလိမ့်မည်။

“ဒီအိမ်ကို သုံးလမ်းသွား စစ်မြေပြင်နဲ့ ထိနေတဲ့ မှောင်ခိုဈေး လေလံပွဲက ဝယ်ခဲ့တာ။ တကယ်လို့ မင်းသားလေးက ကိုယ်တို့ကို ရှာနိုင်ရင် မှောင်ခိုဈေးက နေရာကို ထုတ်ပြောလိုက်တာပဲ ဖြစ်ရမယ်။" Long Feiye မှာ ရိုးရှင်းစွာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now