အခန်း(၅၁၄)
သူလာမှာလား။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာသည်။ သူတို့က ယခု တစ်မိနစ်မျှ မီးအိမ်များ စတင်ထွန်းရပေတော့မည်။ သို့တိုင် Gu Qi Sha မှာမပေါ်လာသေးချေ။။တက်ကြွနေသော သွေးထိုးလှုံ့ဆော်သူ အနည်းငယ်၏ လုပ်ဆောင်မှုကြောင့် ဆေးနတ်ဆိုးဆေးပေးရှေ့ရှိ လူအုပ်မှာ ယခုအခါတွင် ဆူပွက်နေသော မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေသည်။ အမျိုးမျိုးသော တိုက်တွန်းစွပ်စွဲသော မေးခွန်းထုတ်သံများမှာ လှိုင်းလုံးများကဲ့သို့ ဖိအားပေးနေကာ ဆေးနတ်ဆိုးဆေးပေးခန်းမှ တစ်စုံတစ်ခု အကြွေးတင်နေသကဲ့သို့ပင်။
နောက်ဆုံးတွင် Han Yunxi မှာ ကိုယ်တိုင် ထွက်လာခဲ့လျှင် အသံများ ပိုမိုကျယ်လောင်လာသည်။
" လေးစားရတဲ့ ဝမ်ဖေး Gu Qi Sha လာမှာလား!"
"ကျွန်တော်တို့ကို အဖြေပေးပါ၊။ Gu Qi Sha က ဝမ်ဖေးရဲ့ ဆေးနတ်ဆိုးဆေးပေးခန်းကို တစ်ဝက် ပိုင်တုန်းပဲမလား။"
" ဟဲဟဲ၊ လေးစားအပ်ရတဲ့ ဝမ်ဖေး.. ကျွန်တော်တို့အားလုံး အိမ်ပြန်လို့ရအောင် ဘာလို့ Gu Qi Sha ရဲ့နေရာမှာ ရှုံးနိမ့်မှုကို အသိအမှတ် မပြုတာလဲ။ကျွန်တော်တို့က တစ်နေကုန်စောင့်နေတာ။"
Han Yunxi မှာ သူတို့အား လာရောက်ရန် တစ်ခါမှ မတောင်းဆိုဖူးသော်လည်း ဒီလူများမှာ ဒုက္ခရှာပေးရန် သေလုမျောပါး ဖြစ်နေကြပြီး ပြပွဲအတွက် လက်မှတ်ခများ စုဆောင်းစရာပင် မလိုချေ။ ဘာလို့ ရှုပ်နေကြတာလဲ။ Han Yunxi မှာ မူလတည်းက စိတ်တိုနေသဖြင့် ပြန်ပက်ရန် ပြင်လိုက်စဥ် Long Feiye မှာ ရုတ်တရက် သူမနောက်တွင် ပေါ်လာသည်။ သူမ အနောက်တွင်ရပ်နေသည့် သူ၏ အေးစက်သောအမူအရာမှာ စကားများနေသူများ စကားတစ်ခွန်းမှ မပြောရဲသည်အထိ နှုတ်ဆိတ်သွားစေသည်။
မျှော်လင့်ထားသည့်အတိုင်း ချင်ဝမ်မှာ အခြားအမျိုးသားများနှင့် အလွန်ကွဲပြားသော အငွေ့အသက်အား ပေးစွမ်းနိုင်သည်။ သို့တိုင် လူအုပ်မှာ သူတို့၏ အာရုံများအား Mu Linger ထံ လျင်မြန်စွာ ဦးတည်လိုက်သည်။
"ကိုယ့်ကိုကိုယ် အထင်ကြီးနေတာ ရပ်လိုက်တော့ ကောင်မလေး...၊ Gu Qi Sha မလာတော့ဘူး။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Historical Fiction**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...