အခန်း(၅၅၂)

868 91 6
                                        

အခန်း(၅၅၂)

သူမက ပြောတယ်။ ကျွန်မတို့က ရှင့်ရဲ့ဘေးမှာရှိနေမယ်တဲ့။




Han Yunxi မှာ ကမ်းပါးမှ ခုန်ချရန် အသင့်ဖြစ်နေပြီး Long Feiye  မှာ အခြားမည်သည့် ရွေးချယ်မှု ရှိနိုင်ဦးမည်လဲ။ သူက ရွေးချယ်စရာမရှိတော့ပဲ သူမအား ဆုတ်ကိုင်ကာ Gu Qishao ထံသို့ ပျံသန်းသွားရတော့သည်။ သူတို့က ကမ်းပါးဖြင့် နီးလာလေ ပူလာလေပင်။ အချိန်အတော်ကြာအောင် မီးလောင်နေပြီးနောက် လေထုမှာပင် နွေးနေသည်။ သို့တိုင် နှစ်ယောက်မှာ လျစ်လျူရှုထားလေသည်။ Han Yunxi မှာ Gu Qishao မှ သတိပြုမိစေရန် သူ၏ ခေါင်းပေါ်သို့ အဆိပ်အပ်များစွာ ပစ်လွှတ်လိုက်သည်။ နောက်ဆုံးတွင် လှုပ်ရှားမှုအား Gu Qishao  မှာ အာရုံစိုက်မိသွားတော့သည်။ သူက Long Feiye နှင့် Han Yunxi  အား မြင်သည်နှင့် တိုင်းပြည်တစ်ပြည်လုံးအား အနိုင်ယူနိုင်သော ပန်းတစ်ပွင့်ကဲ့သို့ တောက်ပစွာ ပြုံးလိုက်တော့သည်။

အရမ်း လှလွန်းတယ်……..

Han Yunxi မှာ တင်းကျပ်မှုများ အလယ်တွင် မနေနိုင်ပဲ စဥ်းစားမိပြန်သည်။ သူ၏ အပြုံးမှာ သူမ၏ စိတ်အခြေအနေအား တစ်ခဏချင်းပင် တိုးတက်စေသည်။ သို့တိုင် သူမက အကြောင်း ကိစ္စအား မမေ့သေးပေ။ သူတို့က မဆင်းသက်ခင်မှာပင် သူမက နှစ်တစ်သောင်းမြေအဆိပ်အား စုပ်ယူရန် အဆိပ်သိုလှောင်မှု နေရာလွတ်အား စတင်လိုက်သည်။ အကယ်၍ သူမက မူလတည်းက အလွန်ဝေးကွာနေခြင်း မရှိလျှင် အစတည်းက နမူနာအား စုပ်ယူနိုင်လိမ့်မည်။ အဆိပ်သိုလှောင်မှု နေရာလွတ်မှာ သူမ၏ အမိန့်အား ငြင်းပယ်နေစဥ် ​မြေသားထဲရှိ အဆိပ်အာနိသင်မှာ အလွန်နိမ့်ကျကာ ကျဆင်းလာနေကြောင်း အဆိပ်ဖြေစနစ်မှ သတိပေးနေသည်။ ၎င်းမှာ ကန့်သတ်ချက်ရောက်နေပြီဖြစ်သည်။ အကယ်၍ သူတို့က နောက်ကျနေလျှင် အဆိပ်အာနိသင်မှာ ကုန်ဆုံးသွားနိုင်သည်။

Han Yunxi မှာ အထိတ်တလန့်ဖြင့် အော်လိုက်တော့သည်။ “ Long Feiye .. မကောင်းတော့ဘူး။"

သတ္တုငါးမျိုးတွင် တစ်ခုစီ၌ အဆိပ်တစ်မျိုးသာ တည်ရှိသည်။ တစ်ကြိမ် ဖျက်ဆီးလိုက်သည်နှင့် တစ်သက်စာအတွက် ပြန်လည် မရရှိနိုင်တော့ပေ။ စိတ်ကူးလိပ်ပြာအိပ်မက်အား ချိုးဖျက်ရန် ၎င်းတို့အားလုံးမှာ လိုအပ်နေသည်။ သို့တိုင် သူမက စကားစလိုက်ချိန်တွင်ပင် Gu Qishao မှာ မြေပြင်မှ အပေါ်သို့ ပျံသန်းလာသည်။ သူက ဘာလုပ်မလို့ စိတ်ကူးနေတာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now