အခန်း(၅၉၁)

921 91 16
                                        

အခန်း(၅၉၁)

စစ်သူကြီးဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်း။






သုံးရက်တာ နောက်ဆုံးသတ်မှတ်ရက် ရောက်ရှိလာသဖြင့် Long Feiye မှာ မင်းသားလေး၏ တောင်းဆိုချက်အား အဖြေပေးရတော့မည်။ သူက စာတစ်စောင်ထုတ်ကာ Chu Xifeng အား ပေးလိုက်သည်။ “ဒါကို မင်းသားလေးလက်ထဲ ပေးလိုက်။ ဒီအရှင်က အိမ်ရှေ့စံကို ရာထူးက ဖယ်ရှားဖို့ အရှင်မင်းမြတ်ဆီ ပေးတာလို့ ပြောလိုက်။ တကယ်လို အရှင်မင်းမြတ်က သူ့ရဲ့အမြင်ကိုပဲ ခေါင်းမာနေတယ်ဆိုရင် ဒီအရှင်က တောင်ဘက်မှာ တပ်စုရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချူတပ်တွေက ထျန်းနင်မြေကို ခြေလှမ်း တစ်ဝက်တောင်ချဖို့ ငါက ခွင့်မပြုဘူး။”

Long Feiye မှ ထိုသို့ ဆောင်ရွက်နိုင်လောက်မည်ဟု Han  Yunxi မှာ မှန်းဆခဲ့သည်။ အကယ်၍ သူက အနောက်လျန်သို့ ကိုယ်တိုင်သွားလျှင် ထောင်ချောက်ထဲသို့ လျှောက်သွားရနိုင်ချေ ၅၀ ရာခိုင်နှုန်း ရှိနေသည်။ စာရေး ပို့သည်က ပို၍ လုံခြုံနိုင်သည်။စစ်သူကြီး Ning မှာ Long Feiye အား အမှန်တကယ် နန်းတက်စေလိုလျှင် Long Feiye ၏တပ်များမှာ တောင်ဘက်တွင် ရိုးရှင်းစွာဖြင့် ချူမျိုးနွယ်တပ်များအား ခုခံနေစဥ်တွင် သူက အနောက် ကျိုး နှင့် မဟာမိတ်ပြုကာ ထျန်းနင် အနောက်ဘက် ဒေသအား ထိန်းချုပ်နိုင်လိမ့်မည်။

စစ်သူကြီးNing  မှာ ဒီမျိုးနွယ်မှ ဖြစ်နေလျှင် Long Feiye ၏ တပ်များ စုစည်းခြင်းမှာ သူ၏ ဒီမျိုးနွယ်နှင့် မဟာမိတ် ယို့မျိုးနွယ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်။ နှစ်ဘက်ကြားတွင် စစ်ပွဲမှာလည်း ဖြစ်ပွားလာနိုင်သည်။ Long Feiye မှာမူ အနောက်ကျိုးထံမှ အကူအညီထပ်မံတောင်းခံနိုင်ပြီး အနောက်ပိုင်းအား သူ၏နယ်မြေအဖြစ်  ဆက်လက်  ထိန်းသိမ်းနိုင်လိမ့်မည်။

စာပို့ပြီးသည်နှင့် သူတို့က မင်းသားလေးနှင့် စစ်သူကြီး Ning ၏ အဖြေအား ထိုင်စောင့်နေရုံသာ ကျန်ရှိတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် မင်းသားလေးမှာ သူတို့ထံ ရက်အနည်းငယ်အတွင်း ထပ်မံရောက်ရှိလာလေသည်။

“ဦးရီးတော်.. ခမည်းတော်က  တကယ်ပါပဲ… ရိုးရိုးလေးပဲ… အိုက်ယား….။ ခမည်းတော်က ဦးရီးတော်ရဲ့ စာကို ကြည့်တောင် မကြည့်ပဲ လူတိုင်းရှေ့မှာ ဖြဲပစ်လိုက်တယ်။  သူက အိမ်ရှေ့စံကို ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမယ်…. လို့တောင်… လို့တောင်…  ပြောနေသေးတယ်။ အိမ်ရှေ့စံ အရွယ်ရောက်မှ သူက နန်းစွန့် မယ်တဲ့။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now