အခန်း(၃၉၉)

2.1K 146 27
                                        

အခန်း(၃၉၉)

ကုန်သွယ်မှု လုပ်ငန်းစု။ ခြေတစ်လှမ်းဆုတ်ခြင်း။








Long Feiye မှ Jun Yixie အား ဓါးဖြင့် ရွယ်ထားခြင်းမှာ သူက တိုက်ခိုက်လိုကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ Jun Yixie နှင့် သူ၏ အကြောက်အလန့် မရှိမှု၊ ထေ့ငေါ့နေသည့် ဟန်ပန်များမှာ သူက လက်စားချေလိုသော မြင်ကွင်းများ ဖြစ်လေသည်။ ထိုအမျိုးသားများမှာ တိမ်တိုက်ကုန်းမြေကြီးတွင် ကျော်ကြားလှသည့် တူညီသော အာဏာနှင့် လွှမ်းမိုးမှုရှိသော မင်းသားသုံးပါးထဲမှ နှစ်ပါးဖြစ်နေသည်။ အနည်းဆုံးတော့ ၎င်းမှာ Han Yunxi မှပေါ်ထွက်မလာခင် ရှေ့ရှိ အရေးကိစ္စများ ဖြစ်နေသည်။ တစ်ယောက်မှာ အလွန်မြင့်မားသော ကိုယ်ခံပညာစွမ်းရည်ရှိကာ အခြားတစ်ယောက်မှာ အဆိပ်ပညာ ထူးချွန်လှသည်။ နှစ်ယောက်မှာ ညီမျှသော ပြိုင်ဘက်များ ဖြစ်ခဲ့ကြသည်။

ကံမကောင်းစွာဖြင့် Han Yunxi ၏ ပေါ်လာမှုမှာ မျှခြေအား ပျက်ပြားသွားစေပြီး Jun Yixie ၏ အဆိပ်အသုံးပြုမှုအပေါ်  Long Feiye မှ အာရုံစိုက်မှု နည်းပါးသွားကာ ထိုအမျိုးအား အနိုင်ယူရန် အခွင့်အရေး သုံးပိုင်း ပို၍ တိုးလာသည်။ တစ်ဝက်လောက် အသာစီးရနေကာ အဆင့်မြင့်ပညာရှင်များ ပါဝင်လာချိန်တွင် ဖြစ်နိုင်ချေများမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားနိုင်သည်။ သို့ဖြစ်၍ သူတို့၏ ပြီးခဲ့သည့် နှစ်တွင် သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အဆုံးသတ်၌ Jun Yixie မှာ Long Feiye ၏ အောင်ပွဲရဓါးမှ ထွက်ပြေးရမြဲဖြစ်သည်။ အကယ်၍ Jun Yixie မှာ Han Yunxi အပေါ် ထိုအတွက် ဒေါသ မဖြည်နိုင်လျှင် သူက မည်သူ့အား ရွေးချယ်ရတော့မည်နည်း။

သူတို့က မျက်နှာချင်းဆိုင်နေကြပြီး Han Yunxi မှာ ပြင်းထန်သော ခံစားချက်များအား အများဆုံး ခံစားလိုက်ရသည်။ သူမ၏ အကြည့်များမှာ ဓါးတစ်လက်ကဲ့သို့ ချွန်မြကာ Jun Yixie အားသာ ကြည့်နေသည်။ ဖြစ်နိုင်လျှင် သူမက ထိုဝက်အား အသားစဥ်းကော ပြုလုပ်ချင်မိသည်။ ပြိုင်ဘက်များတွေ့ဆုံချိန်တွင် တိုက်ခိုက်သည်မှာ သဘာဝကျသည့် အရာဖြစ်သည်။ Jun Yixie မှာ အလွန်စက်ဆုတ်စရာကောင်းသောကြောင့် အကယ်၍ အမျိုးသားတစ်ယောက်မှာ အမျိုးသမီးတစ်ယောက်အား တိုက်ခိုက်လာလျှင်ပင် သူမက စိတ်ကွက်တော့မည် မဟုတ်ပေ။ အကယ်၍ ထိုနေ့တွင် အဖြူဝတ်အမျိုးသားမှာ သူမအား အသက်စွန့်၍ ကယ်ပေးခြင်း မရှိခဲ့လျှင် သူမက အကျိုးဆက်များအား တွေးပင် မတွေးဝံ့ချေ။ သူမက Jun Yixie အတွက် လေးစားမှု အနည်းငယ်ရှိခဲ့သော်လည်း ယခုအချိန်တွင် သန့်စင်သော မနှစ်မြို့မှုမှာ ကျန်ရှိတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now