အခန်း(၅၃၈)
ဟာသဆန်သော သွေးသားတော်စပ်မှု ကြေငြာချက်။
နောက်တစ်နေ့တွင် ဘိုးဘေးကောင်စီမှာ Xie Deyi နှင့် Mu Yingdong အတွက် ကြားနာပွဲစတင်လိမ့်မည်။ သို့ဖြစ်၍ သခင်မ Lianxin တွင် ဖြုန်းစရာ အချိန်မရှိပေ။ သူမက လိုရင်းအားသာ ပြောလိုက်သည်။ “ Han Yunxi ..မင်းအမေ သခင်မ Tianxin ဆိုတာ အတိအကျကို မူမျိုးနွယ်ရဲ့ စတုတ္ထသခင်မလေးပဲ။ မင်းရဲ့ ကိုယ်ထဲမှာ မူမျိုးနွယ် သွေးတစ်ဝက်စီးနေတယ်။ ကျင့်ကြံတဲ့ ရဟန်းဖြစ်မယ့်အစား ဥာဏ်အလင်းပေးတဲ့ ဗုဒ္ဓဖြစ်သင့်တယ်။ မင်းက မူမျိုးနွယ်ကို ဖျက်ဆီးလို့မရဘူး။"
သူမ၏ ဖော်ထုတ်မှုကြောင့် Han Yunxi နှင့် ကျန်သူများမှာ ထိတ်လန့်သွားမည်ဟု သခင်မ Lianxin မှာ ယူဆထားသော်လည်း သူတို့က ယခင်ကထက်ပင် ပို၍ တည်ငြိမ်နေကာ အနည်းငယ်ပင် တုံ့ပြန်မှု မရှိပေ။ Long Feiye နှင့် Gu Qishao တို့မှာ အတည်ငြိမ်ဆုံးပင်။ Han Yunxi မှပင် အနည်းငယ် လှုပ်ရှားသွားသေးသည်။ Mu Xin မှာ Tianxin ဖြစ်ကြောင်း ဆွံ့အအဘွားထံမှ တစ်ရာရာနှုန်းအပြည့် သူမက အတည်ပြုချက် မရရှိခဲ့သော်လည်း ၎င်းမှာ အမှန်ဖြစ်ကြောင်း သူမက အမြဲတစေ ယုံကြည်နေခဲ့သည်။ ယနေ့မှာ သူမနှင့် Mu Linger မှာ မိခင်ဘက်မှ ဝမ်းကွဲများ တော်စပ်ကြောင်း နောက်ဆုံး သက်သေပင်။ သူမက ထိုမိန်းကလေးအား မရက်စက်နိုင်သည်မှာ မထူးဆန်းပေ။
“မင်းတို့.. မင်းတို့ ဒါကို သိပြီးသားလား။ မင်းတို့က ဆွံ့အအဘွားရဲ့ အဆိပ်ကို ကုပေးလိုက်တယ်။ ဆွံ့အအဘွားက မင်းကို ကိစ္စအားလုံး ပြောပြခဲ့တာလား။” သခင်မ Lianxin မှာ ၎င်းအား မယုံကြည်နိုင်ချေ။
သူမက အဆိပ်ကုသမှုအကြောင်း ထုတ်ပြောလာလျှင် Gu Qishao မှာ နှလုံးသားတွင် ဖော်မပြနိုင်သော နာကျင်မှုအား နက်ရှိုင်းစွာ ခံစားလိုက်ရသည်။ သူက Han Yunxi အား ကြည့်လိုက်သော်လည်း ရွေးချယ်စရာမရှိပေ။ သူနှင့် Long Feiye ၏ တိုက်ပွဲပြီးနောက် သူမက ထိုကိစ္စအား ထပ်မပြောတော့ပေ။ သူက ထိုအထင်လွဲမှုအား ဘဝတစ်လျှောက်လုံး ထမ်းပိုးသွားရတော့မည့်ဟန်တူသည်။ Gu Qishao မှာ ထိုအတွက် ပို၍ ကူကယ်ရာမဲ့နေတော့သည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Fiction Historique**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...
