အခန်း(၅၈၃)

827 90 16
                                        

အခန်း(၅၈၃)

ရက်စက်သော်လည်း လျှို့ဝှက်လွန်းသောလူများ။





နှစ်တစ်သောင်းသစ်သားအဆိပ်အား မမြင်နိုင်သော်လည်း Han Yunxi မှာ ရိုးရှင်းသော အဖြေမှ ကိစ္စအားလုံး သဘောပေါက်နိုင်သည်။

“Gu Qishao .. ကျွန်မကို ကာပေးထား မြန်မြန်…”  သူမက  Gu Qishao ၏ နောက်တွင် ကွယ်ကာ ပြောလိုက်သည်။

“ဘာကို ကာကမှာလဲ။”  Gu Qishao  မှာ ပဟေဌိဖြစ်ကာ မေးလိုက်သည်။ သူက လှည့်ချင်နေသော်လည်း Han Yunxi ၏ အစီအစဉ်အား ဖျက်ဆီးမိမည်အား စိုးရိမ်ကာ နေရာတွင်သာ ရပ်နေလေသည်။

Han Yunxi  မှာ  မည်သို့ စိတ်ကူးနေကြောင်း မည်သူမှ မသိနိုင်သော်လည်း စစ်သားအုပ်ကြီးမှာ သူမက ပြင်ဆင်နေစဥ် ရောက်လာသည်။ သူတို့က ဂင်းကိုပင်အား ဘက်ပေါင်းစုံမှ ဝိုင်းရံကာ  လေးသမားများမှာ ရှေ့တွင် ဒူးတစ်ဖက်ထောက်ကာ လက်နက်များမှာ သူတို့အား ချိန်ရွယ်နေသည်။

ကိစ္စများ၏ ပုံစံအရ ဆုံးဖြတ်ရလျှင်  Chu Yunyi  တို့ အဖွဲ့မှာ အောင်မြင်စွာ လွတ်မြောက်သွားဟန်တူသည်။ မဟုတ်လျှင် ဧကရာဇ် Kang Cheng  မှာ သစ်ပင်တစ်ပင်အတွက် ထိုမျှ များပြားသော အရင်းအမြစ်များအား သုံးစွဲမည် မဟုတ်ပေ။

“လေးတပ် ..သူတို့က ချူမျိုးနွယ်ကတော့ မဟုတ်လောက်ဘူးမလား ဟားဟား။" Gu Qishao ၏ ထေ့ငေါ့သော ရယ်မောသံမှာ လေးတပ်ခေါင်းဆောင်အား  စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ချူမျိုးနွယ်မှာ သူတို့၏ လေးသမားများဖြင့် ကျော်ကြားလှကာ သူတို့က မည်သို့ ချူမျိုးနွယ်ဝင်များကဲ့သို့ ဖြစ်နိုင်မည်နည်း။  ဗုဒ္ဓတစ်ထောင်ဂူအတွင်းမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုများမှာ မြို့တော်တွင်း၌ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သည်။ ချူမျိုးနွယ်မှာ ဧကရီအား ပြန်ပေးသွားဆွဲရုံသာမက ပုန်ကန်ရန် သူတို့၏တပ်များအား ခေါ်ယူခဲ့သည်။ တစ်ရက်အတွင်း သူတို့က အနောက်ကျိုး၏သစ္စာဖောက်များ ဖြစ်လာတော့သည်။ အနောက်ကျိုး ရုံးတော်မှာလည်း ငလျင်လှုပ်သွားသကဲ့သို့  တုန်လှုပ်သွားတော့သည်။ လူတိုင်းမှာ အပြောင်းအလဲများမှ သတိဝင်လာရန် အချိန်လိုအပ်နေသည်။ ယခုအချိန်တွင် ဧကရာဇ် Kang Cheng မှာ သူ၏စစ်တပ်ဖြင့် ပုန်ကန်မှုအား ဘက်ပေါင်းစုံမှ ကိုင်တွယ်ဖြေရှင်းနေသော်လည်း ဗုဒ္ဓတစ်ထောင်ဂူ၏ အစောင့်များမှာ Chu Yunyi နှင့် ဧကရီ၏ နောက်သို့ လိုက်လံနေဆဲဖြစ်သည်။ ဧကရာဇ် Kang Cheng မှာ Chu Yunyi နှင့် မျက်နှာဖုံးစွပ်လူများမှာ အနှစ်တစ်ထောင် ဂင်းကိုပင်အား မည်ကဲ့သို့ ပြုလုပ်ရန် စီစဉ်နေသည်အား  မသိသော်လည်း အကယ်၍ သူတို့က ၎င်းမှ အကျိုးအမြတ်ရယူရန် ကြိုးစားလိုလျှင် သူက ခွင့်ပြုမည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now