အခန်း(၄၂၂)

1.4K 149 46
                                        

အခန်း(၄၂၂)

သောက်ရေ ချီးမြှင့်ခြင်း။





….. သူ၏ မျက်နှာမှာ နီးကပ်လာချိန်တွင် Han Yunxi ၏ မျက်ဝန်းများမှာ ပွင့်လာတော့သည်။ ၎င်းအား မထင်မှတ်ထားသည့် Long Feiye မှာ ရေများ သီးသွားပြီးနောက် လေပြွန်မှ မြိုချမိမတတ်ဖြစ်သွားတော့သည်။

ဒီမိန်းမဘာလို့ အစောကြီး သတိရလာတာလဲ။ အပျော့ဆုံး အခြေအနေမှာတောင် သက်သာလာဖို့ တစ်ရက်ကနေ နှစ်ရက်ကြာမယ်လို့ Gu Beiyue က ပြောသွားတယ်မလား။

Gu Beiyue မှာ ချဲ့ကား ပြောခဲ့ခြင်း မဟုတ်ပဲ ၎င်းမှာ Han Yunxi ၏ အကျင့်စရိုက်အား အပြစ်တင်ရပေမည်။ သူမက စတင်ခဲ့သည်အား အဆုံးသတ်ရန် အလွန်ဆန္ဒပြင်းပြနေပြီး ပင်ပန်းနွမ်းနယ်မှုနှင့် တိုက်ပွဲဝင်နေရလျှင်တောင်မှ မပြီးဆုံးခင် အချိန်အထိ သူမ၏ စိတ်မှာ အနားယူရန် ငြင်းဆန်နေသည်။ သူမက Long Feiye အား မူးဝေစွာ ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား ကြည့်ကာ အလျင်စလို မေးမြန်းလိုက်သည်။ “ ကျွန်မက ဘာလို့ ဒီရောက်နေတာလဲ။ Baili Mingxiang ကော ဘယ်လိုလဲ။”

Long Feiye မှာ နောက်ဆုတ်သွားခြင်း မရှိပဲ သူမ၏ ဘေးတစ်ဖက်တစ်ချက်တွင် လက်ထောက်ကာ ကိုင်းညွှတ်ထားဆဲဖြစ်သည်။ သူက သူမအား အေးစက်စွာ ငုံ့ကြည့်နေကာ ပြောလိုက်သည်။ “မင်းကိုယ်မင်း အရင်ဂရုစိုက်ဦး။"

သူ၏ ရုတ်တရက် အေးစက်နေမှုမှာ  Han Yunxi အား မှင်သက်သွားစေသည်။ သူက ဘာလို့ အခု အရမ်း ခက်ထန်နေရတာလဲ။

“မင်းက ပင်ပန်းတာနဲ့ ဘယ်လို စကားပြောရမလဲဆိုတာ မေ့သွားပြီလား။” Long Feiye မှာ စိတ်တိုတို ဖြင့် မေးလာတော့သည်။

Han Yunxi မှာ ဘာဖြစ်ခဲ့သည်ဆိုခြင်းအား အကြမ်းဖျင်း သဘောပေါက်နေပြီ ဖြစ်သည်။ သူမက အဆုံးတွင် လဲကျသွားခြင်း ဖြစ်ရမည်။ ယခုအချိန်တွင် အဆိပ်ဖြေစနစ်မှာ ပိတ်သွားဟန်တူပြီး သူမက ပြန်လည် စတင်ရန်ပင် ခက်ခဲနေသည်။ သို့တိုင် ယခုအချိန်တွင် ၎င်းတို့မှာ အရေးမကြီးပေ။ နောက်တစ်ကြိမ် သူမက မေးလိုက်သည်။ “ဝမ်ရယ်.. Baili Mingxiang က ဆေးသောက်ပြီးတော့ သက်သာလာပြီလား။”

Long Feiye မှာ မူလတည်းကပင် မပျော်မရွှင်ဖြစ်နေကာ ယခုတွင် သူ၏ အမူအရာ တစ်ခုလုံးမှာ မကျေမနပ် ဖြစ်နေတော့သည်။ “သေပြီ။" သူက သူမအား ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now