အခန်း(၄၉၃)

832 103 12
                                        

အခန်း(၄၉၃)

ငါ့ရဲ့ အပြုအမူကို ရှင့်ဆီ ရှင်းပြဖို့ လိုသေးလား။







Gu Qishao မှာ ဟန်အိမ် တွင် လျှို့ဝှက်အစောင့်များ ရှိနေသည်အား သိထား၍မဟုတ်လျှင် ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝင်လာလိမ့်မည် မဟုတ်ပေ။ သူက Chu Xifeng အား မထိမဲ့မြင်ဖြင့် ပြုံးလိုက်သည်။ "မင်းလို လူက ငါ့ကို တားနိုင်မယ်ထင်လား။"

"Gu Qishao တကယ်လို့ မင်းမှာ တကယ် စွမ်းရည်တယ်ဆိုရင် လုပ်ကြံသူတွေကို သွားပြီး ခြေရာခံ နေလိုက်။ ဒီမှာ ရှုပ်ထွေးနေတာ ရပ်လိုက်။” Chu Xifeng မှာ ပြန်ပက်လိုက်သည်။

ထိုတွင်တော့ Gu Qishao မှာ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ "မင်းပြောနေတာ Long Feiye က အဲဒီလူသတ်သမားတွေကို ကိုယ်တိုင်ရှာဖို့ အရည်အချင်းမရှိဘူးလို့ ပြောချင်တာလား။"

" မင်းကသာ အရည်အချင်းမရှိတဲ့သူပဲ။" Chu Xifeng မှာ တုံ့ပြန်လိုက်သည် ။

"ဒါဆို ချင်ဝမ်က တရားခံတွေကို ဖမ်းမိပြီလား။" Gu Qishao မှာ အံ့ဩဟန်ဆောင်လိုက်သည်။

Chu Xifeng မှာ သူ့အား  စကားနိုင်လုရာတွင် အနိုင်မယူနိုင်သဖြင့် ဓားထုတ် လိုက်သည်။ Gu Qishao  မှာ လက်နက်အား ဘေးသို့ ကန်ထုတ်လိုက်ပြီး မျက်လုံးများမှာ အေးစက်လာသည်။ “အဆိပ်ကောင်မလေးရဲ့ ဒဏ်ရာက မကုရသေးဘူး။ ဒီလူအိုကြီးက မင်းကို နောက်တစ်ချိန်ချိန်မှ ဂရုစိုက်ပေးမယ်။"

လေးစားရတဲ့ဝမ်ဖေးက ထိခိုက်ထားတယ်။ သူမက မကုသရသေးဘူး။

ယခုတွင် Chu Xifeng  မှာ ထိတ်လန့်သွားတော့သည်။ သူက Gu Qishao ၏ နောက်မှ လိုက်လာကာ တံခါးခေါက်လိုက်သော်လည်း မည်သူမှ အဖြေမပေးချေ။ သဘာဝကျစွာပင် Han Yunxi  မှာ အထဲမှ ကြားနေရသော်လည်း သူတို့အား ဖြေရှင်းရန် စိတ်ရှုပ်မခံနိုင်ပဲ သူမ ပုခုံးရှိ ဒဏ်ရာဖြင့် ပဟေဌိဖြစ်ကာ အလုပ်များနေသည်။ တစ်စုံတစ်ယောက်မှာ ဒဏ်ရာအား အံ့အားသင့်စရာကောင်းလောက်အောင် ကုသပေးထားသည်။ ဒဏ်ရာမှာ နက်ရှိုင်းကာ မြှားခေါင်းမှာ အသားထဲတွင် သုံးလက်မလောက် လုံးလုံးလျားလျား နစ်နေသော်လည်း သူမအား ကုသပေးသွားသူမှာ အဝတ်အစားပင် ဖယ်ရှားရန် မလိုခဲ့ချေ။ ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ဒဏ်ရာအနီးတစ်ဝိုက်ရှိ အဝတ်အစားများအားလည်း ဖြဲထားရခြင်း မရှိချေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now