အခန်း(၄၉၅)

674 86 4
                                    

အခန်း(၄၉၅)

မငြိမ်မသက်မှု၏ အစ။






ညနက်သန်းခေါင်မှ ရုတ်တရက် ပေါက်ကွဲသံမှာ တစ်မြို့လုံးအား ထိတ်လန့်စေသည်။ Gu Qishao မှာ ခုန်ထလိုက်ချိန်တွင် မည်သည့်နေရာမှလာမှန်း မသိသော်လည်း ဟန်အိမ်မှ ထိခိုက်မှုမရှိသည်အား မြင်လျှင် ရိုးရှင်းစွာ ပြန်လှဲချလိုက်တော့သည်။

သူက စပ်စုတတ်သော သူမျိုး မဟုတ်သကဲ့သို့ သိမ်ဖျင်းသော လိုက်စားမှုများအတွက် အားလပ်ချိန်မရှိပေ။ ထျန်းနင် မြို့တော်တစ်ခုလုံး ကမောက်ကမ ဖြစ်နေလျှင် သို့မဟုတ် တစ်တိုင်းပြည်လုံး ရူးသွပ်သွားလျှင် သို့မဟုတ် တိမ်တိုက်ကုန်းမြေတစ်ခုလုံး ကျိုးကြောင်းဆီလျော်မှု ပျောက်ဆုံးသွားလျှင်တောင် သူနှင့် မဆိုင်ချေ။ သူ၏ ငယ်စဉ်ကလေးဘဝမှာ တုန်လှုပ်ချောက်ချားခဲ့ရသောကြောင့် အိပ်မက်များမှလွဲ၍ ထိုအမှတ်တရများအား သူက ပြန်ကြည့်ရန် မဖြစ်နိုင်ပေ။သူက သတိရှိနေစဥ် ၎င်းတို့အား တွေးခွင့်ပေးမည် မဟုတ်ပေ။

သူ၏ မျက်ဆံများမှာ ကြယ်ရောင်စုံသော ကောင်းကင်ယံကဲ့သို့ ကြည်လင်ကာ သူ၏ ကမ္ဘာမှာလည်း တည်ငြိမ်နေသည်။ သို့သော် ထိုပေါက်ကွဲမှုအပြီးတွင် ထျန်းနင်မှာ မတည်မငြိမ်သော အကျပ်အတည်းသို့ ကျရောက်သွားတော့သည်။ ငိုက်မြည်းနေသော Han Yunxi မှာ အိပ်ရာမှ လန့်နိုးကာ အိပ်မက်ဆိုးများ မက်နေသည်ဟု ထင်လိုက်သော်လည်း အပြင်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေသံများအား ကြားရလျှင် ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်သွားသည်အား သတိပြုမိလိုက်သည်။ ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်လှသဖြင့် ထျန်းနင် မြို့တော်ရှိ အိမ်များမှာ လှုပ်ယမ်းသွားလေသည်။သံသယရှိစရာမလိုပဲ ပေါက်ကွဲမှု၏တည်နေရာမှာ မြို့တော်အနီးတွင် ဖြစ်နိုင်ကာ နံရံများအတွင်း၌ပင် ဖြစ်ကောင်းဖြစ်နိုင်သည် ။

ကောင်းကင်နယ်ပယ်မှောင်ခိုဈေးမှ ယခင်ပေါက်ကွဲမှုမှာ မြို့တော်အား အလန့်တကြား ဖြစ်စေရန်လုံလောက်နေကာ ၎င်းတို့၏ တံခါးများအနီးတွင်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။ Han Yunxi မှာ အပြင်သို့ အလျင်အမြန် ထွက်ကြည့်လိုက်လျှင် ကျန်သည့် ဟန်မိသားစုများမှာလည်း နိုးလာသည်အား တွေ့လိုက်ရသည်။ ထိုအချိန်၌ လမ်းမများပေါ်တွင် အော်ဟစ်ဆူညံသံမျိုးစုံဖြင့် ပြည့်နှက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now