အခန်း(၄၃၈)
သတိထား။ အဆင့်မြင့်ပညာရှင်တစ်ယောက် ရောက်နေတယ်။
မြူများမှာ ဖြည်းညင်းစွာ သိပ်သည်းလာပြီး အခြားအချိန်များကဲ့သို့ပင် တစ်ကျွန်းလုံးနှင့် ပတ်ဝန်းကျင်ရှိ ပင်လယ်အား ဖုံးကွယ်သွားသည်။ Baili ရေတပ်မှာ ခံစစ်ပုံစံအား စေ့စပ်စွာ ပြင်ဆင်လိုက်သည်။ သူတို့၏ မျက်လုံးများမှာ မြင်နိုင်စွမ်း နည်းပါးနေသည့်တိုင် ကျွန်း၏ လက်မတိုင်းအား အာရုံစိုက်ထားတယ်။ သို့တိုင် ထိုစောင့်ကြည့်နေသူများအပေါ် မူမမှန်မှုမှာ မကြာခင် ရောက်ရှိလာသည်။ သင်္ဘောအစင်းတိုင်းရှိ အစောင့်တပ်သားများမှာ ရုတ်တရက် သတိလစ်သွားကြသည်။
သင်္ဘောဆရာဝန်မှ စစ်ဆေးရန် ရောက်လာချိန်တွင် သူက အော်လိုက်သည်။ “မကောင်းတော့ဘူး။ မြူထဲမှာ အဆိပ်ရှိနေတယ်။ သူတို့က အဆိပ်သင့်နေပေမယ့် ကျွန်တော်က ဘယ်လိုအမျိုးအစားလဲဆိုတာ မသိသေးဘူး။"
သင်္ဘောတာဝန်ခံ ဒုတိယစစ်သူကြီး Baili Delong မှာ သတင်းကြားလျှင် ခြေထောက်အား ရိုက်ကာ ကျိန်ဆဲလိုက်တော့သည်။ သူတို့က တောင်ကြားသို့မဟုတ် ထူးခြားသော လေစီးကြောင်း ရှိသည့် နေရာတွင် မဟုတ်သော်လည်း မြူမှာ သိပ်သည်းထူထပ်နေသည်။ ၎င်းမှာ သဘာဝအတိုင်း လုံးဝ မဖြစ်နိုင်ပေ။ တစ်နည်းဆိုရလျှင် တစ်စုံတစ်ယောက်မှာ ထိုအဆိပ်မြူအား ဖန်တီးခဲ့ခြင်း ဖြစ်ရမည်။
Jun Yixie မှာ အဆိပ်ပညာတွင် အလွန်အဆင့်အတန်းမြင့်ကာ အဆိပ်တစ်ရာဂိုဏ်းမှ ကျောထောက်နောက်ခံပြုထားသည်။ ထိုအမျိုးသားအား ကိုင်တွယ်နိုင်သူမှာ အလွန်ထူးခြားရမည်။ သူနှင့် ဖခင်ဖြစ်သူမှာ လေးစားရတဲ့ဝမ်ဖေးအား အဆိပ်ဖြင့် တိုက်ခိုက်ခံရနိုင်သော ဖြစ်နိုင်ချေအား မေးမြန်းခဲ့သည်။ Jun Yixie သို့မဟုတ် အဆိပ်တစ်ရာဂိုဏ်းမှာ ရေတပ်အား ရင်ဆိုင်ရန် ဤမျှ ကျယ်ပြန့်သော ပင်လယ်ပြင်အား ဖုံးကွယ်ရန် မဖြစ်နိုင်ကြောင်း သူမက ပြောခဲ့သည်။ ထို့အပြင် သင်္ဘောနှင့် ကျွန်း၏ ကမ်းခြေကြားတွင် အကွာအဝေးတစ်ချို့ ရှိနေသည်။ အကယ်၍ Jun Yixie ၏ လက်ထဲတွင် အလွန်ပြင်းထန်သော အဆိပ်ရှိနေလျှင်တောင်မှ သူတို့ထံသို့ မရောက်နိုင်ပေ။
![](https://img.wattpad.com/cover/313293047-288-k148785.jpg)
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3
Tarihi Kurgu**Book 3** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွင...