အခန်း(၅၅၈)

895 87 23
                                        

အခန်း(၅၅၈)

ချီကလေး၏ သန်းခေါင်ယံ အိပ်မက်(၁)






Gu Qishao ၏ မေးခွန်းဖြင့် ရင်ဆိုင်ရချိန်တွင် Long Feiye မှာ တိတ်ဆိတ်သွားတော့သည်။ သူ၏ အကြည့်များမှာ ရှုပ်ထွေးနေကာ Gu Qishao မှာမူ ခေါင်မိုးပေါ်မှ ပျံထွက်သွားတော့သည်။ အနီရောင် ဝတ်ရုံမှာ မှောင်မိုက်သော ညကောင်းကင်းတွင် အထီးကျန်ကာ အဖော်မဲ့နေသည်။ ၎င်းမှာ ထာဝရ အထီးကျန်မှု​၏ ဝမ်းနည်းခြင်းပင်။ ယနေ့ညမှာ နှစ်ယောက်လုံးအတွက် အနားမယူနိုင်တော့မည်မှာ သေချာလှသည်။ Gu Qishao မှာ ခြဝန်းထဲရှိ သစ်ပင်အိုကြီး၏ သစ်ကိုင်းတွင် လှဲနေကာ ငယ်ဘဝအကြောင်း အိပ်မက်မိပြန်သည်။

အဆုံးမရှိ ကျယ်ပြန့်သော တောင်တန်းများနောက်တွင် ဆေးပညာသင်တန်းကျောင်းရှိနေကာ သစ်ပင်ကြီးနှင့် အပင်ငယ်မျိုးစုံ ပေါက်ရောက်နေသည်။ သို့တိုင် ယနေ့ညတွင် စူးရှတောက်ပသော အသံမှာ ဆယ်စုနှစ်ပေါင်းများစွာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည့် အဆိပ်ဂိုဏ်း တားမြစ်မြေပြင်အပေါ်တွင် ပျံ့နှံ့နေသည်။ ဆေးပညာသင်တန်းကျောင်းဖြင့် အနီးဆုံးတောင်ကြားတွင် သေးငယ်သော တဲလေး၌ ယောကျာ်းကလေးတစ်ယောက်မှာ မွေးဖွားလာသည်။ ထိုနေရာတွင် လက်သည်မရှိပဲ ကလေးအဖေသာ ရှိနေသည်။ သူ၏ မိခင်မှာ သတိလစ်နေကာ လျင်မြန်စွာ အဝေးခေါ်သွားခံရပြီးနောက် ရင်သွေးငယ်အား မည်သည့်အချိန်မှ မတွေ့နိုင်တော့ပေ။ ကလေးငယ်မှာ မိခင်အား ရှာမတွေ့သဖြင့် အဆက်မပြတ် ငိုကြွေးကာ နှစ်သိမ့်မှု ရှာဖွေနေသည်။

ဖခင်ဖြစ်သူမှာ အနှီးထုတ်ထဲမှ ကလေးငယ်အားချီကာ ညင်သာစွာ ပုတ်ပေးရင်း ချော့နေသည်။ “ကလေးရေ.. လိမ်မာလေ.. မငိုနဲ့ ကလေးရေ… လိမ်မာကွယ်..”

သူက ဆေးမြို့တော်မှ ရှေးကျသော မိသားစုတစ်ခုတွင် ဖွားမြင်ကာ ဆေးပညာသင်တန်းကျောင်း၏ ပါရမီအရှိဆုံး တပည့်ဟု သိကြသည်။ ကျောင်းအုပ်မှာ သူ့အား ဆက်ခံသူအဖြစ် သတ်မှတ်ထားပြီးဖြစ်ကာ ဆေးမြို့တော်တွင် အငယ်ဆုံး လက်ထောက်ကျောင်းအုပ်ဖြစ်လာသည်။ သူတို့က သူ့အား လက်ထောက်ကျောင်းအုပ်ကုဟု ခေါ်ကြလေသည်။ သို့တိုင် သူက မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိမ်းမြားခဲ့ခြင်း မရှိပဲ ဤကလေးငယ်၏ ဇစ်မြစ်အား သိထားသည့် တစ်ယောက်တည်းသောသူဖြစ်လေသည်။ သူက ဤကလေးငယ်အား မည်သည့်အတွက်ကြောင့် လိုချင်သည်အား သိရှိထားသော တစ်ယောက်တည်းသောသူလည်း ဖြစ်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Book 3 Where stories live. Discover now